AD
AD
AD
play

 

သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မိုးယုစံက ဧပြီ(၁၀)ရက်နေ့က စံပြရွာ ပုလဲမြို့သစ်မှာ နှစ်သစ်ကူးအလှူလေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မိုးယုစံတို့မိသားစုဟာ အိမ်ထောင်စု(၇၀၇)စုအတွက် စတုဒီတာကျွေးပွဲ ပြုလုပ်ခဲ့ပါတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"စံပြရွာ ပုလဲမြို့သစ် ခြံထဲမှာပြုလုပ်တဲ့ စတုဒီတာကျွေးပွဲနှင့် အိမ်ထောင်စု ၇၀၇ စုတွက် ဗလာမပါကံစမ်းမဲ ၁သိန်းဆု ၅သောင်းဆု ၁သောင်းဆု ၁၀နှစ်အောက်ကလေးများတွက်မုန့်ဖိုး နှစ်သစ်ကူးအကြို အလှူပြုလုပ်"ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။ မိုးယုစံတို့ နှစ်သစ်ကူးအလှူကြီးက ကြိတ်ကြိတ်တိုး စည်ကားလှပါတယ်။ သူတို့မိသားစုအလှူလေးကိုကြည့်ပြီး သူမရဲ့ ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်နေကြပါတယ်။

play

 

မိုးယုစံတို့မိသားစုက အလှူပြီး ဒီနေ့(ဧပြီ၁၁)ရက်မှာ မိသားစုနဲ့အတူ ခရီးထွက်သွားပြီလို့ သိရပါတယ်။ သင်္ကြန်မှာ မိသားစုနဲ့အတူ ဘန်ကောက်သို့ အပန်းဖြေခရီးထွက်ဖြစ်တာ ဖြစ်ပါတယ်။

"သင်္ကြန်ကိုတော့ မိသားစုနဲ့အတူ ဘန်ကောက်ကို ခရီးထွက်ဖြစ်မယ်။ ဘန်ကောက်က နီးလည်းနီးတယ် ကလေးနဲ့ဆိုတော့ လေယာဉ် အကြာကြီးလည်း မစီးချင်ဘူး။ ပြီးတော့ ဘန်ကောက်က အစားအသောက်တွေကိုလည်း ကြိုက်တယ် " ဆိုပြီး သူမရဲ့ သင်္ကြန်အစီအစဉ်နဲ့ပတ်သက်လို့ Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

play

 

ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး သားလေးကို ၂၀၁၇ခုနှစ်  သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူဆိုပြီး ပေးထားတဲ့ သားလေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။

play

မိုးယုစံကတော့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း  အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့ တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုး ယုစံတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Photo : မိုးယုစံ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD