AD
AD
AD
play

 

ဧပြီ(၁၁) ရက်နေ့ ဒီနေ့လေးက သရုပ်ဆောင်ရဲတိုက်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့မွေးနေ့လေးမှာ ရဲတိုက်က မန္တလေးကို ရောက်နေတာပါ။မန္တလေးမြို့မအဖွဲ့နဲ့သီချင်းဆိုဖို့အတွက် ရောက်ရှိနေတယ်လို့ သိရပါတယ်။

သူ့ရဲ့ မွေးနေ့လေးမှာ ဘာမှမလုပ်ဖြစ်ပေမယ့်လည်း မွေးနေ့မတိုင်ခင် ဧပြီ(၇) ရက်နေ့က မွေးနေ့အကြိုအနေနဲ့ အလှူလုပ်ခဲ့ပါတယ်။သူ့ရဲ့ မွေးနေ့အလှူလေးကိုလည်း ပရိသတ်တွေနဲ့အတူ ငှက်အော်စမ်ကျောင်းမှာ ပြုလုပ်ခဲ့တာပါ။

play

 

မွေးနေ့အလှူမှာလည်း သူ့ရဲ့  We Love အဖွဲ့နဲ့အတူတူ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ ရဲတိုက်ရဲ့ မွေးနေ့အတွက် ကိုလည်း ပရိသတ်တွေက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မွေးနေ့ဆုတောင်းစကားတွေ ဆိုထားကြပါတယ်။

အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတဲ့ ရဲတိုက်ဟာ ပရိသတ်များရဲ့ ရင်ထဲမှာ မမေ့နိုင်ပဲ ယခုထက်တိုင် နေရာယူထားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

အနုပညာအလုပ်တွေနဲ့(၆)နှစ်ကျော်ကြာ ဝေးကွာခဲ့ရတဲ့ ရဲတိုက်ဟာ အခုဆိုရင် ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ပြန်လည်ကြိုးစားလုပ်ကိုင်လာသူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေပြန်စလုပ်ချိန်မှာတော့ သရုပ်ဆောင် နေမင်း၊ခင်ဝင့်ဝါတိုနဲ့အတူ ကော့သောင်းဘက်ကို ခရီးသွား Documentary ရိုက်ကူးဖို့အတွက် သွားခဲ့ရပါတယ်။

play

 

အဲ့ဒီအစီစဉ်ပြီးတဲ့နောက်မှာ Bella ကြော်ငြာ နဲ့အခြားသော ကြော်ငြာတွေ သရုပ်ဆောင် အိချောပိုနဲ့ ဗီဒီယိုဇာတ်ကား စတဲ့အနုပညာ အလုပ်တွေကို ခပ်စိပ်စိပ်လုပ်ကိုင်လာရသူလည်း ဖြစ်ပါတယ်။

ရဲတိုက်ဟာ မိန်းကလေးပရိသတ်များရဲ့ အားပေးမှုသာမက ယောက်ျားလေးပရိသတ်များရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားသူပါ။

Photo : We Love ရဲတိုက်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD