AD
AD
AD

 

မကြာခင် ရက်ပိုင်းမှာ မဟာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အချိန်အခါကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ နှစ်သစ်ကူး အတာသင်္ကြန် အတွက် အနုပညာရှင်တွေလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြသလို သင်္ကြန်ဘယ်မှာ ရှိမလဲ ဘာလုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေလည်း ဆွဲနေကြပါတယ်။

အဲ့လိုလည်း ပရိသတ်တွေလည်း ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ ဘယ်မဏ္ဍပ်မှာ ရှိမလဲ ဘယ်ကိုသွားရမလဲဆိုတာတွေကို တွေးနေကြမှာပဲနော်။ အခုပြောပြမှာက ပရိသတ်တွေရဲ့ အချစ်တော် ဆိုဖီယာ၊ အိမ့်ချစ်၊ မိုးယုစံနဲ့ ရဲရင့်အောင်တို့ရဲ့ သင်္ကြန်အစီအစဉ်တွေပဲ ဖြစ်ပါတယ်။

play

 

၁ - အိမ့်ချစ်

အိမ့်ချစ်က သင်္ကြန်အကြိုနဲ့အကျနေ့တို့မှာ ရန်ကုန်မှာ ရှိမှာ ဖြစ်ပြီး အကြတ်နေ့နဲ့ အတက်နေ့တို့မှာ မန္တလေးတွင် ရှိမယ်လို့ သိရပါတယ်။ သင်္ကြန်အကြိုနေ့ နေ့လည်(၁)နာရီမှာ ပြည်သူ့ရင်ပြင် Coca-Cola Summer Oasis တွင် ရှိမှာ ဖြစ်ပြီး (၃)နာရီခွဲမှာ အရှေ့မြင်းပြိုင်ကွင်းမှာ လုပ်မယ့် Lifebuoy Forever Thingyan 2018 နဲ့ (၅)နာရီမှာ ၁၉လမ်းထိပ်က ရွှေသံလွင်မဏ္ဍပ်မှာ ရှိမယ်လို့ သိရပါတယ်။

သင်္ကြန်အကျနေ့မနက်(၉)နာရီမှာတော့ Mottama Thingyan၊ (၁၁)နာရီမှာ ရွှေသံလွင်မဏ္ဍပ်၊ (၁)နာရီမှာ ကိုကာကိုလာ၊ (၃)နာရီမှာ ရွှေသံလွင်၊ (၄)နာရီခွဲမှာ Lifebuoy Forever Thingyan နဲ့ (၅)နာရီ (၄၅)မှာ Mottama Thingyanတို့မှာ ရှိနေမယ်လို့ သူက ဆိုပါတယ်။ နောက်ထပ်အစီစဉ်ကသင်္ကြန်အကြတ်နေ့အတက်နေ့တို့မှာ မန္တလေးမှာ ရှိမယ်လို့ သိရပါတယ်။

play

 

၂- ဆိုဖီယာ

ဆိုဖီယာက ဒီနှစ်သင်္ကြန်တွင် နေပြည်တော်မှာ ရှိမယ်လို့ သိရပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ်မှာလည်း သင်္ကြန်နဲ့ ပတ်သက်လို့ ယခုလို ပြောပြထားပါတယ်။  ဒီနှစ် သင်္ကြန်2018 ကို တော့ နေပြည်တော် ပရိသတ်ကြီးနဲ့ အပြတ်ကဲပါမယ်လို့" ဆိုပြီး ပြောထားပါတယ်။

play

 

၃ - မိုးယုစံ

မိုးယုစံက ဒီနှစ်သင်္ကြန်မိသားစုနဲ့ အပန်းဖြေခရီးထွက်နေတယ်လို့ သိရပါတယ်။ အခုဆိုရင် မိသားစုနဲ့အတူ ဘန်ကောက်ကို ရောက်နေပါပြိ။ သင်္ကြန်အစီစဉ်နဲ့ ပတ်သက်ပြီး Duwun Media ကို ယခုလို ပြောပြခဲ့ပါတယ်။

"သင်္ကြန်ကိုတော့ မိသားစုနဲ့အတူ ဘန်ကောက်ကို ခရီးထွက်ဖြစ်မယ်။ ဘန်ကောက်က နီးလည်းနီးတယ် ကလေးနဲ့ဆိုတော့ လေယာဉ် အကြာကြီးလည်း မစီးချင်ဘူး။ ပြီးတော့ ဘန်ကောက်က အစားအသောက်တွေကိုလည်း ကြိုက်တယ် ။"လို့ ဖြေဆိုပေးခဲ့ပါတယ်။

play

 

၎ - ရေမွန်(idiots)

အဆိုတော် ရေမွန်(idiots) က ဒီနှစ်သင်္ကြန်ကို God Theatre မဏ္ဍာပ်မှာ ရှိပါမယ်တဲ့။ ပြည်လမ်း(၆)မိုင်ခွဲနားမှာ ဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။ ရေမွန်နဲ့အတူ Reason ၊ Wanted တို့ စတဲ့Rock အဖွဲ့တွေလည်း ရှိမှာ ဖြစ်တဲ့အတွက် Rock ပရိသတ်တွေအားလုံး သူတို့နဲ့အတူ လာဖြတ်သန်းကြဖို့ကိုလည်း Duwun ကနေ ဖိတ်ခေါ်ထားပါသေးတယ်။

play

 

၅ - ရဲရင့်အောင်

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ရဲရင့်အာင်က ဒီနှစ်သင်္ကြန်မူဆယ်မှာပါတဲ့။ မူဆယ်က ပရိသတ်တွေအတွက်ကတော့ အခွင့်အရေးကောင်းပါနော်။ ရဲရင့်အောင်နဲ့ ကဲဖို့ ပြင်ထားပါလို့။

နောက်ထပ် လည်းဘယ်အနုပညာရှင်တွေလည်း ဘယ်မဏ္ဍပ်မှာ ရှိနေမလဲဆိုတာတွေကို Duwun Media ကနေ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD