AD
AD
AD
play

 

Duwun ပရိသတ်ကြီးရေ မနက်ဆိုရင် မဟာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အချိန်အခါကို ရောက်ရှိတော့မှာနော်။ မကြာခင်မှာ ကျရောက်တော့မယ့် သင်္ကြန်အတွက် အနုပညာရှင်တွေလည်းရင်ခုန်စိတ်လှုပ်ရှားနေကြသလို သင်္ကြန်ဘယ်မှာ ရှိမလဲ ဘာလုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေလည်း ဆွဲနေကြပါတယ်။

အဲ့လိုလည်း ပရိသတ်တွေလည်း ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ ဘယ်မဏ္ဍပ်မှာ ရှိမလဲ ဘယ်ကိုသွားရမလဲဆိုတာတွေကို တွေးနေကြမှာပဲနော်။ အခုပြောပြမှာက ပရိသတ်တွေရဲ့ အချစ်တော် စန္ဒီမြင့်လွင်၊ မေတိုးခိုင်၊ အေးဝတ်ရည်သောင်းတို့ရဲ့ သင်္ကြန်အစီအစဉ်လေးတွေ ဖြစ်ပါတယ်။

play

 

စန္ဒီမြင့်လွင်

အဆိုတော် စန္ဒီမြင့်လွင်က ဒီနှစ်သင်္ကြန်မှာ သင်္ကြန်မြို့တော်ဝန်မဏ္ဍပ်၊ MLCA မဏ္ဍပ်နဲ့ ပြည်လမ်းပေါ်က We Lit မဏ္ဍပ်တို့မှာ ဖျော်ဖြေမယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ  ပြောပြထားပါတယ်။

"သင်္ကြန် မြို့ တော်ဝန်မဏ္ဏပ်, MLCA မဏ္ဏပ်နဲ့  ပြည်လမ်းပေါ်ကwe litမဏ္ဏပ်တို့ မှာဖျော်ဖြပါ့မယ်ရှင် ယောကျာ်းယူပြီးသီချင်းမဆိုတော့ဘူးလို့ လျောက်ပြောနေသူတွေလည်း ကျမ်းမာချမ်းသာကြပါစေ ကိုယ့်လိပ်ပြာကိုယ်လုံနိုင်ပါစေရှင့်" ဆိုပြီး သူမက ပြောထားပါတယ်။

play

 

မေတိုးခိုင်

"သင်္ကြန်က နှစ်တိုင်း အိမ်နဲ့ခရီးသွားဖြစ်တယ်။ပြီးတော့ အိမ်ထဲမှာပဲ နေဖြစ်တယ်။ ဒီနှစ်တော့ မေမေသူငယ်ချင်းတွေနဲ့ ကားနဲ့လည်ဖို့တော့ စိတ်ကူးရှိတယ်။ သင်္ကြန်အမှတ်တရဆိုရင်တော့ မိသားစု အမြဲအတူတူရှိဖြစ်တယ်။ မုန့်တွေလုပ်စားတယ်။ အိမ်ရှေ့မှာ ရေပုံးတွေနဲ့ ရေပတ်တာတွေပေါ့ အဲ့ဒါတွေကတော့ သင်္ကြန်အမှတ်တရတွေပါပဲ။သင်္ကြန်ကို အိမ်ထဲမှာ နေရတာလည်း ပိုကြိုက်သလို ကားနဲ့လည်တာလည်း ကြိုက်ပါတယ်" လို့ သင်္ကြန်နဲ့ အစီစဉ်လေးနဲ့ အမှတ်တရလေးကို ပြောပြခဲ့ပါတယ်။

play

 

အေးဝတ်ရည်သောင်း

"သင်္ကြန်က ပေါက်စီ နေပြည်တော်က Sky Net မဏ္ဍပ်မှာရှိပါမယ်။သင်္ကြန်မှတ်မှတ်ရရဆိုရင်တော့  ပေါက်စီ ၁၂နှစ်တုန်းက အရမ်းအလှကြိုက်တဲ့အရွယ် အလှပြင်ထားတဲ့ အချိန်မှာ တစ်ကိုယ်လုံးကို

အိုးမဲသုတ်တာခံလိုက်ရတော့ အကြီးအကျယ်ကိုငိုဖူးတယ်။ အဲ့ဒါကတော့ သင်္ကြန်အမှတ်တရပါပဲ၊ကျန်တော့ အရမ်းမရှိပါဘူး။"လို့ သူမက ပြောပြခဲ့ပါတယ်။

ဒီနှစ်မဟာအတာသင်္ကြန်ပွဲတော်ကြီးကတော့ မြို့နယ်တိုင်းမှာ ပျော်ဖို့ကောင်းမှာပါ။ ပရိသတ်တွေလည်း ကိုယ်ချစ်တဲ့အနုပညာရှင်တွေ ရှိတဲ့ မဏ္ဍပ်မှာ သွားကဲလို့ရအောင် Duwun Media က ဖော်ပြပေးထားတယ်နော်။

သင်္ကြန်မှာ ပရိသတ်တွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ Duwun Media မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD