AD
AD
AD
play

 

လူငယ်ပရိသတ်များကြား အားပေးမှု ရရှိနေတဲ့ လူငယ်မိန်းကလေး ဒါရိုက်တာ ခရစ္စတီးနားခီက နှစ်သစ်မကူးခင် သူမပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေကို ပြန်တွေးပြီး ကြည်နူးလို့ နေပါတယ်။ ဧပြီ(၁၅) ရက်နေ့မှာလည်း စင်ကာပူနိုင်ငံမှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းမှာ ဆီထမင်းစတုဒီသာ ပါဝင်ထားတယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"နှစ်သစ်မကူးခင် ကုသိုလ်...

စင်ကာပူနိုင်ငံ မြန်မာဘုန်းကြီးကျောင်းမှာ ၁၅ရက်နေ့ဆီထမင်း လေး စတုဒီသာမှာပါဝင်ထားပါတယ်၊ အောင်ဇမ္ဗျူတောရ ဘုန်းဘုန်းကျောင်းမှာ ဘုရားလာဖူးသူ ရဟန်းသံဃာများနှင့်တကွ ဘုရားဖူးများအား ၇ရက် စတုဒီသာကျွေးမွေးခြင်း အတွက်လှူဒါန်းခဲ့ပါတယ်။

ဒီအလှူလုပ်ခဲ့ဖို့စိတ်ကူးလေးက မယ်သီလရင်ဘဝ မှာ ရှေးဟောင်းဘုရား ၃၀၁ဆူကိုနေ့စဉ်ဖူးခွင့် ပရိတ် ပဌါန်းရွတ်ခွင့်ရခဲ့ရာက စခဲ့တာပါ။ ရှေးနှစ်ပေါင်း ၂၅၀၀ကျော်လောက်က ဘုရားများကို ဖူးခွင့်ရခဲ့တဲ့အချိန်မှာလည်း ကြည်နူးခွင့်ရခဲ့သလို စိတ်အနှောင့်အယှက်ဖြစ်စရာကြုံတိုင်းလည်း ဘုရားများအားစိတ်ထဲမှ သွားပြီးဖူးလိုက်ရတိုင်း စိတ်ကြည်နူးမှု ဟာ ဘာနဲ့မှ မလဲနိုင်အောင်ဖြစ်ခဲ့ရပါတယ်။

စင်ကာပူ ဘုန်းကြီးကျောင်းရောက်ခဲ့စဉ်ကလည်း နိုင်ငံရပ်ခြားမှာ စိတ်အရမ်းကြည်နူးခွင့်ရခဲ့ပြီး ဘုရားဖူးခွင့်ရခဲ့ရပါတယ်။ဒါကြောင့် ကိုဇဏ်နဲ့ခရစ္စတို့ရဲ့ပရိတ်သတ်များ ကိုလည်း ဘုရားဖူးပြီးကုသိုလ်နဲ့အတူ ကြည်နူးခွင့်လေးရစေချင်လို့ ဒီအလှူကို လှူဒါန်းလိုက်တာပါ။ အားလုံး သင်္ကြန်မှာ ဘေးကင်း ရန်ရှင်းပြီး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ဆထက်တပိုး စီးပွားတိုးလို့ ကျန်းမာပျော်ရွှင်ကြပါစေ။" ဆိုပြီး ရေးသားထားပါတယ်။

play

ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကတော့ အရမ်းကိုအောင်မြင်လျှက်ရှိသလို အတိုက်အခိုက်တွေ ကြား ထဲကမှ ပရိသတ်အားပေးမှုအများကြီးရရှိလာတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို အခုလက်ရှိ ရုံတင်ပြသနေတဲ့ မုဒြာခေါ်သံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း အောင်မြင်မှုရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

 

Photo : ခရစ္စတီးနားခီ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD