AD
AD
AD

ချောမောတဲ့ ဒေါင်းက သင်္ကြန်အကြိုနေ့မှာ ဦးကျော်သူနဲ့ အတူတူ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ကူညီဆောင်ရွက်ပေးရင်းနဲ့ ကောင်းမှု ကုသိုလ်တွေယူနေတာဖြစ်ပါတယ်...

တောင်ဥက္ကလာ(၁၂)ရပ်ကွက်ရှိ ကွယ်လွန်သူ ဦးမောင်မောင်လွင်အသက်(၅၈)နှစ်၏ရုပ်ခန္ဓာအား ရေဝေးသုဿန်သို့ကိုယ်တိုင်သယ်ယူပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ပါသည်။
ဒေါင်း သည်အောင်မြင်ကျော်ကြားသည့်နံမယ်ရသရုပ်ဆောင်ဖြစ်လင့်ကစား အသင်း၏စည်းမျဉ်းအတိုင်းအသင်းမှလမ်းကြောင်းအသွားတွင်အယ်လ်ကိုဟောသောက်ခြင်းရှိ/မရှိကိုစစ်ဆေးခံယူခဲ့ကာအသင်းစည်းမျဉ်းအတိုင်းလိုက်နာပေးဆပ်ကူညီခဲ့ပါသည်။
ဤသို့ပြုခဲ့သမျှကုသိုလ်ကောင်းမှုအစုစုကိုလူနတ်ဗြဟ္မာသတ္တဝါအပေါင်းအားအမျှပေးဝေငှကာ
သာဓု သာဓု သာဓု ဟုခေါ်ဆိုလိုက်ရပါတော့သည်..... ဆိုပြီးတော့လည်း ဦးကျော်သူရဲ့ စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်....

play

play

play

play

play

play

play

play

play

ဓါတ်ပုံ - ကျော်သူ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD