AD
AD
AD
play

 

သရုပ်ဆောင် ဝေဠုကျော်က သင်္ကြန်အကျနေ့ ညနေပိုင်းက မင်္ဂတောင်ညွှန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကားအက်စီးဒင့်မှာ ခြေသလုံးကျိုးသွားတဲ့  လူနာအား ပြုစုကူညီခဲ့တယ်လို့ သိရပါတယ်။ ခြေသလုံးကျိုးသွားတဲ့ လူနာကို ပြုစုပြီးတော့ အချိန်မီ စံပြဆေရုံကြီးသို့ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

play

 

အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ ဝေဠုကျော် ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"သင်္ကြန် အကျနေ့ ညနေပိုင်း ကျန်မာရေးဝန်ဆောင်မှုပေးရန် အသင်း၏ ဒုဥက္ကဌ ဝေဠုကျော် ဦးဆောင်သော အဖွဲ့ သည် မင်္ဂလာတောင်ညွန့်မြို့နယ် တွင်ဖြစ်ပွားခဲ့သော ကားအက်စီးဒင့် တွင် ခြေသလုံးကျိုး သွားသောလူနာအား ပြု စုပြီး အချိန်မှီ စံပြဆေးရုံကြီးသို့ ပို့ဆောင် ကူညီ။

သူများအသင်းတွေလည်း တတ်အားသ၍ကူ

ကျနော်တို့ အသင်းလည်းကူ ။ ။

လူကူညီရေးအသင်း (သင်္ဃန်းကျွန်း) ရန်ကုန်" ဆိုပြီး ပြောထားတာပါ။

play

 

သရုပ်ဆောင် ဝေဠုကျော်ဟာ  Bella က ပြုလုပ်တဲ့  လမ်းလျှောက်သင်္ကြန်မှာလည်း အခြားသော အနုပညာရှင်များ ပရိသတ်များနဲ့အတူ ပါဝင်ခဲ့ပေမယ့် ယခုလိုမျိုး အကူအညီလိုအပ်သူတွေအတွက်ကိုတော့ အလျင်မြန်ဆုံးဖြစ်အောင် အမြဲတမ်းအသင့်ရှိနေသူလည်း ဖြစ်ပါတယ်။

ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်လာရင် ဘယ်တော့မှာ လက်မနှေးတဲ့ ဝေဠုကျော်ဟာ ပရိသတ်တွေရဲ့ အချစ်တော် ပရဟိတမင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။

play

ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က တော့ အနုပညာအလုပ်တွေသာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

ရခိုင်အရေးကိစ္စမှာလည်း ပါဝင်လှုပ်ရှားခဲ့သလို ယခုထက်တိုင် မောင်တောဘက်မှာ လိုအပ်တာတွေကို ကူညီလုပ်ကိုင် ပေးလျက်ရှိပါ တယ်။ ထို့အပြင် ၂၀၁၆ ခုနှစ်ရဲ့ တစ်နှစ်တာအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေး၊မီးဘေး၊ရေဘေး၊မြေပြိုမှုတွေမှာ အလျင်အမြန်အကူ အညီပေးနိုင်သူ  တစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့ 7Day News Journal ရဲ့ သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။

play

 

၂၀၁၇ခုနှစ် ဒီဇင်ဘာ(၁၅) ရက်နေ့ကလည်း ဝေဠုကျော်ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ရခိုင်ဂုဏ်ဆောင်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ပရဟိတလုပ်ငန်းများကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတဲ့ ဝေဠုကျော်နဲ့ သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းကတော့ အခက်အခဲတွေ့ နေသူပြည်သူများအတွက် အားဆေးတစ်ခွက်လို့ဆိုရမှာပါ။

 

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD