AD
AD
AD
play

 

ချစ်စရာ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ရတနာဖြူဖြူအောင်ဟာ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်နေတယ်လို့ သိရပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက တရားစခန်းဝင်နေတယ်ဆိုတဲ့ စာသားလေးနဲ့အတူ ဓာတ်ပုံလေးတွေ တင်ထားတာ တွေ့ရပါတယ်။

play

 

သရုပ်ဆောင် ရတနာဖြူဖြူအောင်ဟာ သင်္ကြန်ရောက်တိုင်း ရိပ်သာဝင်ဖြစ်တယ်လို့ သိရပါတယ် ။ငယ်စဉ်ကတည်းက သင်္ကြန်ဆိုရင် အပြင်မထွက်ဖြစ်သလို မဏ္ဍပ်လည်း မထိုင်ဖူးဘူးလို့ ယခင်က အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

"ငယ်ငယ်လေးကတည်းက ရိပ်သာမဝင်ခင် အချိန်ထိ သင်္ကြန်ဆိုရင် အပြင်မထွက်ဖြစ်ဘူး။ အပြင်က သူတွေ ရေပက်တာကို အိမ်ထဲ ကနေပဲ ကြည့်ဖူးတာ။ အခု အသက်အရွယ်ထိ မဏ္ဍပ်တစ်ခါမှ မထိုင်ဖူးဘူး။ သင်္ကြန်အရသာလည်း အခုထိ မခံစားရဘူး။ သင်္ကြန်ဆိုရင် ရိပ်သာမှာ နေရတာ ကျင့်သား ရသလို ဖြစ်သွားတယ်” လို့  Duwun Media ကို ပြောပြခဲ့ပါတယ်။

play

 

သင်္ကြန်အရသာဆိုတာကို အခုထိ မခံစားဖူးတဲ့ သူမက သင်္ကြန်ဆိုရင် ရိပ်သာမှာ နေရတာ ကျင့်သားရသလိုဖြစ်သွားပါပြီတဲ့။

အနုပညာသက်တမ်း(၇)နှစ်ကျော်ထဲ ရောက်ရှိနေပြီဖြစ်တဲ့ သူမဟာ ပရိသတ်တွေနဲ့ ရင်းနှီးနေသူလေးပါ။ သီချင်းတွေလည်း ဆိုသလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးမှု နေရာတစ်နေရာ ရရှိထားသူလေးလည်း ဖြစ်ပါတယ်။

 

Photo : ရတနာဖြူဖြူအောင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD