AD
AD
AD
play

 

သင်္ကြန်ရက်အတွင်းမှာ နဝရတ်ကို ဘယ်မှာရှိမလဲဆိုတာ ပရိသတ်တွေ သိချင်နေကြမှာပဲနော်။ သင်္ကြန်နဲ့ ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှ မတွေ့ရတဲ့ နဝရတ်က ဖခင်ဖြစ်သူကို အနီးကပ်ပြုစုပေးနေတာပါ။

သင်္ကြန်တွင်းမှာ နဝရတ်ဟာ နေမကောင်းဖြစ်နေတဲ့ ဖခင်ကြီးကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတာပါ။

play

 

သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း ဖခင်ကြီးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"အဖေကြီးနေပြန်ကောင်းပြီးဆေးရုံကမြန်၂ဆင်းရပါစေ ။ အိမ်မှာဖေကြီးအတွက်အားလုံးအဆင်သင့်ပြင်ထားပြီးမှဝမ်းပြန်သွားလို့ ခုထိမဆင်းရသေးဘူး" ဆိုပြီး ရေးသားထားပါတယ်။

play

 

သူမရဲ့ ပရိသတ်တွေကလည်း ဖခင်ကြီး အမြန်ဆုံး ပြန်ပြီး နေကောင်းလာဖို့အတွက် ဆုတွေ တောင်းပေးထားကြတာလည်း ကောမန့်မှာ တွေ့ရပါတယ်။

ဇာတ်ရုပ်တိုင်းကို သဘာဝကျကျနဲ့ ပီပြင်စွာ အပိုအလိုမရှိ သရုပ်ဆောင်ပိုင်နိုင်မှုကြောင့် ယခုထက်တိုင် ပရိသတ်အားပေးမှုကို ရရှိထားသူက နဝရတ်ပါ။

play

 

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဦးစီးပြီးအပျိုကြီးဘဝနဲ့ တစ်ယောက်လည်း ဖြတ်သန်းကာ မိသားစုနဲ့အတူ ပျော်ရွှင်တဲ့မိသားစုလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။သူမဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့်လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာတော့ သူမရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်း တင်လေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေသူလည်း ဖြစ်ပါတယ်။

စီးပွားရေးဘက်ကို အချိန်ပေး လုပ်ဖြစ်နေတဲ့ နဝရတ်ကိုလည်း ပရိသတ်တွေက ပိတ်ကားပေါ်မှာ မြင်ချင်သေးတယ်ဆိုတဲ့ တောင်းဆိုတာ လေးတွေလည်း ရှိနေပါတယ်။

 

Photo : နဝရတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD