AD
AD
AD
play

 

သင်္ကြန်နဲ့ အလှမ်းဝေးနေခဲ့တဲ့ ခီတို့ဇနီးမောင်နှံဟာ သင်္ကြန်အကျနေ့က သားလေးနိုဝါနဲ့အတူ ပျော်ပျော်ပါးပါးရေကစားနေတာကို တွေ့ရပါတယ်။

မြန်မာပြည်ပြန်ရောက်ပြီး ပထမဦးဆုံး သင်္ကြန်မှာ ရင်သွေးလေးကို ဆုံးရှုံးခဲ့ရတာကြောင့် သင်္ကြန်ဟာ သူမနဲ့ မဆိုင်သလို နေလာခဲ့တာ တော်တော်ကြာခဲ့ပြီဆိုပြီးတဲ့ ။ အခုတော့ နိုဝါလေးကြောင့် သက်ြန်မှာ ပြန်ဆော့ဖြစ်ခဲ့တယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

"မြန်မာပြည်ပြန်ရောက်ပြီး ပထမဦးဆုံးသင်္ကြန်မှာ Tris လေးဆုံးသွားတော့ သင်္ကြန်ကို ကိုယ်နဲ့မဆိုင်သလိုနေလာတာအတော်ကြာခဲ့ပြီ။ အိမ်မှာနေနေတဲ့အမေကို နိုဝါလေးက ရေလာပက်တော့မှပဲသတိပြန်ဝင်လာပါတော့တယ်။

သားတို့ကျောင်းက မေမေတသိုက်ရယ် ထိပ်ထားလေးရဲ့ မေမေနဲ့ မိသားစုတို့ကိုအထူးကျေးဇူးတင်ပါတယ်။ နိုဝါလေးရဲ့ပထမဦးဆုံး သင်္ကြန်အတွက်"ဆိုပြိး ပြောထားပါတယ်။

play

 

သားလေးနိုဝါနဲ့ အတူ သင်္ကြန်ကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ခီတို့ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

ဇဏ်ခီနဲ့ခရစ္စတီးနားခီတို့ဟာ ပရိသတ်အားပေးမှု ရရှိနေတဲ့ အနုပညာရှင်ဇနီးမောင်နှံလည်း ဖြစ်ပါတယ်။

play

 

ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကတော့ အရမ်းကိုအောင်မြင်လျှက်ရှိသလို အတိုက်အခိုက်တွေ ကြား ထဲကမှ ပရိသတ်အားပေးမှုအများကြီးရရှိလာတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို အခုလက်ရှိ ရုံတင်ပြသနေတဲ့ မုဒြာခေါ်သံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း အောင်မြင်မှုရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Photo : ခရစ္စတီးနားခီ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD