AD
AD
AD
play

 

ဒီနေ့နှစ်ဆန်း၁ရက်နေ့လေးမှာ ပြည်သူချစ် အနုပညာရှင်များက သူတို့ရဲ့ ချစ်ပရိသတ်များအတွက် ကိုယ်စီကိုယ်စီ နှစ်သစ်ဆုတောင်း စကားသံးလေးတွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွေကနေ ယခုလို ပြောပြပေးထားပါတယ်။

play

 

နေတိုး

နေတိုးက ဒီနေ့(နှစ်ဆန်း၁ရက်)မှာ"တိမ်ခိုမိုး" ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲပေး အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ကန်တော့ပွဲပေး

အခမ်းနားတက်ရောက်ဖြစ်ခဲ့တဲ့ ပုံလေးတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာတင်ရင်းနဲ့ ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်း စကားသံလေးကိုလည်း ရေးသားခဲ့ပါတယ်။

"နှစ်သစ်မှာပရိသတ်များအားလုံးကျန်းမာချမ်းသာလိုအင်ဆန္ဒတွေပြည့်ဝကြပါစေကြောင်းဆုတောင်းမေတ္တာပို့သရင်း .......ထာဝရ...နေတိုး " ဆိုပြီး ပြောထားတာပါ။

play

ရွှေထူး

ရွှေထူးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိသတ်တွေအတွက် ယခုလို နှစ်သစ်ဆုတောင်းစကားသံလေးပြောပေးထားပါတယ်။

"ဘဝမှာကောင်းတာတွေလုပ်ခဲ့သလို မကောင်းတာတွေလည်းလုပ်ခဲ့ဖူးတယ် ...

လူတိုင်းအပေါ်စေတနာထားခဲ့ပေမယ့်... အကျင့်တော့မယုတ်ခဲ့ဖူးဘူး ...

ကျွန်တော်ရွှေထူးဘက်မှ လိုအပ်ချက်တွေ လစ်ဟာမှုတွေရှိခဲ့ရင် အားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာ ...

နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ" လို့ ရေးသားထားပါတယ်။

play

 

ဖွေးဖွေး

ဖွေးဖွေးက သင်္ကြန်အတက်နေ့ည(၁၁)နာရီကျော်လောက်က နှစ်သစ်ဆုတောင်းစကားသံလေးကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

"Happy Myanmar New Year !!!

Happy Holidayssss!

အေးမြပျော်ရွှင်ကြပါစေ.....ဗွမ်းးး

ကိုယ်ချစ်တဲ့သူတွေ..ကိုယ့်ကိုချစ်သောသူများနဲ့ ဆက်ပြီး ဘဝ ကို တူတူ ချီတက်နိုင်ကြပါစေ.."ဆိုပြိး ဆုတောင်းပေးထားတာပါ။

play

 

အိချောပို

အိချောပိုလေးက သင်္ကြန်ဖျော်ဖြေရေးအစီအစဉ်တွေပြီးလို့ ဇာတ်ကားရိုက်ကူးရေးတွေ စတင်တော့မယ်တဲ့။ ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားသံလေးကိုလည်း

သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

"သင်္ကြန်ဖျော်ဖြေရေး အစီအစဉ်ပြီးလို့...

ဇာတ်ကားရိုက်ကူးရေးအစီအစဉ်ပြန်စပြီဖြစ်ပါ၍...

ဇကားဝါမြေသို့ ဆက်လက်ချီတက်...   

နှစ်သစ်မှာလိုရာဆန္ဒတွေပြည့်စုံနိုင်ကြပါစေရှင်" ဆိုပြီး ဆုတောင်းပေးထားပါတယ်။

 

ပရိသတ်များအတွက် Duwun Media မိသားစုကလည်း အနုပညာရှင်များနဲ့ထပ်တူ ပရိသတ်များအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ မျှော်လင့်ထားသော ပန်းတိုင်ခရီးကို သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်နော်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD