AD
AD
AD
play

 

MRTV-4 ရဲ့ TV Series တစ်ခုဖြစ်တဲ့ "9" Series မှာ ပါဝင်ခဲ့သူ သရုပ်ဆောင် သာထက်ဥာဏ်ဇော်ရဲ့ သတင်းကြောင့် နှစ်ဆန်းတစ်ရက်နေ့မှာ ပရိသတ်တွေ တော်တော်စိတ်မကောင်း ဖြစ်နေကြပါတယ်။ 9 Serise ထဲမှာ တိုးတက်ဆိုတဲ့ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေသတိထားမိတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

သာထက်ဥာဏ်ဇော်ရဲ့ မိခင်နဲ့ညီလေးဖြစ်သူတို့ကို နေပြည်တော်နားမှာဖြစ်ပွားခဲ့တဲ့ ကားအက်စီးဒင့်ကြောင့် ဆုံးရှုံးလိုက်ရပြီဆိုတဲ့ သတင်းဟာ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန့်လို့နေပါတယ်။ သာထက်ဥာဏ်ဇော်ကတော့ လက်ရှိဆေးရုံပေါ်သို့ ရောက်ရှိနေပြီး ဘာမှမဖြစ်ဘူးလို့ သိရပါတယ်။

သရုပ်ဆောင် သာထက်ဥာဏ်ဇော်ဟာ သင်္ကြန်တွင်း မန္တလေးသင်္ကြန်မှာ ပရိသတ်တွေနဲ့ အတူရှိနေခဲ့တာပါ။သင်္ကြန်ပြီးလို့ ရန်ကုန်ကို ပြန်လာတဲ့အချိန် နေပြည်တော်နားမှာ အက်စီးဒင့်ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

play

 

ပရိသတ်တွေက သရုပ်ဆောင် သာထက်ဥာဏ်ဇော်အတွက် စိုးရိမ်နေကြသလို မိခင်နဲ့ညီလေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ အနုပညာလောကထဲက သူငယ်ချင်းတွေကလည်း သာထက်ဥာဏ်ဇော်အတွက် စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီးတော့လည်း အနုပညာလောကထဲက သူငယ်ချင်းဖြစ်သူ ၂၀၁၄-၂၀၁၅ခုနှစ်အကယ်ဒမီပေးပွဲမှာ အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ခဲ့သူ နှင်းဦးဝေရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာတွေ့ရပါတယ်။

play

 

"သာထက်ဉာဏ်ဇော်ရဲ့ မေမေနဲ့ ညီလေး နေပြည်တော်နားမှာ ကားမှောက်ပီးဆုံးသွားပါတယ် ။အန်တီနဲ့သားငယ် ဘဝဆက်တိုင်းဒီလိုအဖြစ်မျိုးမကြုံပါစေနဲ့။ကောင်းရာမွန်ရာရောက်ပါစေ ထပ်တူဝမ်းနည်းရတယ် စည်သူရယ် အဖေရှိသေးတယ် အားတင်းထားပါဦးဟာ "ဆိုပြီး ပြောထားပါတယ်။

play

 

ဒါရိုက်တာ မောင်သီကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

"စိတ်မကောင်းပါဘူး အမနဲ့သားငယ်ရေပြုခဲ့ဖူးတဲ့ကုသိုလ်ကောင်းမှုအဟုန်ကြောင့် မြင့်မြတ်ရာ ဘုံဘဝ ရောက်ကြပါစေ နောက်ဘဝတွေ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ဝေးကြပါစေ လို့ဆုတောင်းပေးပါတယ် ။ (နေပြည်တော်နားမှာကားမှောက်ပြီး သာထက်ဥာဏ်ဇော် အမေနဲ့ညီဖြစ်သူဆုံးသွားပါတယ်။သာထက်ဥာဏ်ဇော်တော့ဘာမှမဖြစ်ပါ။)" ဆိုပြီး ရေးသားထားပါသေးတယ်။

play

 

သာထက်ဥာဏ်ဇော်ဟာ သင်္ကြန်ရောက်ပြီဆိုရင် နှစ်တိုင်းလိုလို အဘွားရှိတဲ့ မန္တလေးမြို့သို့ အလည်သွားတက်တာဖြစ်ပြီး သင်္ကြန်ကိုလည်း အဲ့ဒီမှာပဲ ဖြတ်သန်းဖြစ်တယ်လို့ သိရပါတယ်။

Photo : သာထက် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD