AD
AD
AD
play

 

သရုပ်ဆောင် မင်းဦးတို့ဇနီးမောင်နှံက ဒီနေ့(နှစ်ဆန်း၁ရက်)မှာ နှစ်သစ်ကူးအလှူတစ်ခု ပြုလုပ်ခဲ့ပါတယ်။ဇနီးချောလေးနဲ့အတူ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးအတွက် အလှူငွေ(၂)သိန်းကျပ်တိတိနဲ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာအတွက် အလှူငွေ (၂)သိန်းကျပ် စုစုပေါင်း (၄)သိန်းကျပ် ကိုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မင်းဦးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အလှူနဲ့ ပတ်သက်ပြီး ယခုလို စာသားလေး ရေးသားထားတာ တွေ့ရပါတယ်။

"အလှူ      

၇ရက်သားသမီးအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာဆန္ဒပြည့်စုံကြပါစေ"ဆိုပြီး ပြောထားပါတယ်။

play

 

မင်းဦးဟာ နှစ်ဆန်းတစ်ရက်နေ့မှာ ပြုလုပ်တဲ့ တိမ်ခိုမိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးအခမ်းအနားကို တက်ရောက်ခဲ့ ပါသေးတယ်။ယင်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က ရိုက်ကူးမှာ ဖြစ်ပြိး နေတိုး၊ရွှေမှုံရတီတို့နဲ့အတူ မင်းဦးပါ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းဦးဟာ အခုနောက်ပိုင်းမှာသရုပ်ဆောင်အလုပ်သာမက ဒါရိုက်တာ တစ်ဦးအဖြစ်ပါ မြင်တွေ့လာရပြီဖြစ်ပါတယ်။

play

သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းဦးဟာ ၂၀၁၆ခုနှစ် နိုဝင်ဘာလက မင်္ဂလာပွဲ ဆင်နွဲခဲ့တာ ဖြစ်ပါတယ်။

ချစ်သူသက်တမ်း(၁၀)နှစ်ကျော်အချိန်မှာ လက်ထပ်ခဲ့တဲ့ မင်းဦးနဲ့ ခိုင်ဝေလွင်တို့ရဲ့ မင်္ဂလာညစာစားပွဲကတော့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အနုပညာညီအစ်ကို မောင်နှမများစွာ တက်ရောက်ခဲ့ပြီး ပျော်ရွှင်စရာ ကောင်းတဲ့ မင်္ဂလာပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

Photo : မင်းဦး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD