AD
AD
AD
play

 

နှစ်ဆန်း(၁) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သရုပ်ဆောင် ခင်လှိုင်ရဲ့ မွေးနေ့ကို အလှူအတန်းတွေများစွာနဲ့ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ နှစ်သစ်မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့လေးမှာ မေမြို့တွင် ရောက်နေတာကြောင့် မွေးနေ့ကို မေမြို့မှာပဲ ကျင်းပဖြစ်ခဲ့ပါတယ်။ မွေးနေ့အလှူအနေနဲ့ ပြင်လွင်မြို့မှာရှိတဲ့ စစ်ဆေးရုံကြီးမှာ ကုသနေတဲ့ လူနာ(၆၀၀)အတွက် နံနက်စာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါတင်မကပါဘူး အနုပညာရောင်းရင်းများနဲ့ စက်မှုလုပ်သားတွေအတွက်ကိုလည်း စတီးချိုင့်များနဲ့ ငွေသားတွေ လှူဒါန်းခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

"နှစ်သစ်နှစ်ဦးမှာကြရောက်သောကျွန်တော့ရဲ့မွေးနေ့ မင်္ဂလာနှင့်ထပ်တူကြရောက်သော မွေးနေ့တူကြသော မွေးနေ့ရှင်များအားလုံးနှင့် ခင်ပွန်းကြီးဆယ်ပါးအမှူးထား၍ ကမ္ဘာသူကမ္ဘာသား၇ ရက်သားသမီးပရိတ်သတ်များ အားလုံးကိုရည်စူးရည်မှန်း၍ဒီ ကနေ့တွင်ပြင်ဦးလွင်မြို့ စစ်ဆေးရုံကြီးတွင်ဆေးကုသနေကြသောလူနာ ၆၀၀ အတွက် နံနက်စာထမင်းတစ်နပ် လှူဒါန်းခြင်းနှင့်အတူ ကျွန်တော်၏ အနုပညာရောင်းရင်းများနှင့် စက်မှုလုပ်သားကြီးများကိုစတီးချိုင့်များနှင့်ငွေသား တစ်ယောက် ၅၀၀၀ကျပ်စီလှူဒါန်းခဲ့ပါတယ် " ဆိုပြီး ပြောထားပါတယ်။

play

 

သူ့ရဲ့ အလှူအားလုံးကိုလည်း သူချစ်ရတဲ့ (၇)ရက်သားသမီး ချစ်ပရိသတ်တွေအပေါင်း ကုသိုလ်ရစေဖို့ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ အမျှပေးဝေထားပါသေးတယ်။

ခင်လှိုင်ရဲ့ မွေးနေ့အလှူများကို ပြင်ဦးလွင်မှာ မနက်ပိုင်းက ပြုလုပ်ခဲ့တာ ဖြစ်ပြီး ညပိုင်းမှာလည်း အနုပညာလောကက သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ညစာစားပွဲလေး ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

play

 

သရုပ်ဆောင်ခင်လှိုင်က လက်ရှိမှာ ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပါတယ်။

 

Photo : ခင်လှိုင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD