AD
AD
AD
play

 

မေမေချစ်သုဝေက နှစ်သစ်အစမှာ သမီးလေးတွေနဲ့အတူ မြန်မာနိုင်ငံ၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆီ သွားခဲ့ကြပါတယ်။ အမေစုဆီ သွားလည်ခဲ့ကြတဲ့ ပုံလေးတွေကိုလည်း လင်းလင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံလေးတွေကို တင်ရင်း ယခုလို စာသားလေးကိုလည်း ရေးသားထားတာ တွေ့ရပါတယ်။

play

 

"နှစ်သစ်အစကို 'ဖွားဖွားစု' နဲ့ စတင်တဲ့ ခေတ်ခေတ် သစ်သစ် နဲ့ သူတို့အမေအား

အရမ်းမနာလိုရင်း

လူမျိုးမရွေး ဘာသာမရွေး

မြန်မာနိုင်ငံသားစစ်စစ် အားလုံး

ကျန်းမာကြပါစေ

Lynn & Treza Family " ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

play

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ခေတ်နဲ့သစ်လေးတို့ရဲ့ ပုံလေးတွေကို ကြည့်ရတာ တကယ့်ကို ချစ်ဖို့ကောင်းလှပါတယ်။ လင်းလင်းတင်ထားတဲ့ ပုံလေးတွေမှာ အမြွှာလေးနှစ်ယောက်ဟာ အမေစုကို ရင်းရင်းနှီးနှီးနဲ့ အမေစုနားမှာ ဆော့နေတာကိုလည်း တွေ့ရပါတယ်။

play

 

ခေတ်နဲ့ သစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေးနှစ်ယောက်ဟာ မိဘတွေမပြောနဲ့ မြင်တဲ့သူတိုင်းက မချစ်ဘဲ မနေနိုင်လောက်အောင် ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

မေမေ ချစ်သုဝေက သမီးလေးတွေရဲ့ ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သူတို့ရဲ့ပုံလေးတွေ ၊ ဗီဒီယိုလေးတွေဟာ ကြည့်ရှူသူ အမြဲတမ်း ၁ သိန်းကျော် ရှိနေတတ်ကာ Share အရေအတွက် ထောင်ချီလို့ Like ဆိုရင်လည်း သောင်းနဲ့ချီ ရှိနေတာပါ။

play

 

လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေး နှစ်ယောက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သမီးလေးတွေရဲ့ နာမည်လေးတွေကို မြန်မာဆန်ဆန်ပဲ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်လို့ အမည်ပေးထားပါတယ်။

 

Photo : လင်းလင်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD