AD
AD
AD
play

 

သရုပ်ဆောင် ထက်ထက်မိုးဦးနဲ့ အဆိုတော် စိုင်းလွှမ်းတို့ရဲ့ သမီးလေး စစ်လွန်းဝတီထက်ဟာ မိဘအပေါ် သိတတ်လိမ္မာတဲ့ သမီးရတနာလေး ဖြစ်ပါတယ်။

ဖခင်နဲ့အနေများတဲ့ သမီးလေးဟာ ဖခင်ကို အနီးကပ်ပြုတတ်သူလေးလည်း ဖြစ်ပါတယ်။ နှစ်ဆန်း(၁)ရက်နေ့မှာလည်း ဖခင်ဖြစ်သူအတွက် သူစုထားတဲ့ မုန့်ဖိုးလေးနဲ့ ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

play

 

အဲ့ဒီအကြောင်းလေးကို စိုင်းလွှမ်းရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"ဒေးစွန်းပါ စေတီ မှာ ဘုရား ကြေးဆင်းတုတော်ရောင်တော်ဖွင့် သန့်ရှင်းရေးလုပ်

ပြန်ရောက်တော့ သမီးကသူစုထားတဲ့မုန့်ဖိုးလေးတွေနဲ့ ကန်တော့

ရင်ထဲမှာ အရမ်းကြည်နူးရပါတယ် ။သားဖ နှစ်ယောက် ရဲ့သာယာအေးချမ်းမှု" ဆိုပြီးတော့ ပြောထားတာပါတယ်။

play

 

သရုပ်ဆောင် စိုင်းလွှမ်းနဲ့ ထက်ထက်မိုးဦးတို့ရဲ့ သမီးလေး စစ်လွန်းဝတီထက်ဟာ ပရိသတ်တွေ ချစ်ခင်မှုကို ရရှိထားတဲ့ ကလေးလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုများအနေနဲ့ ကြော်ငြာရိုက်ကူးမှုတွေ ဓာတ်ပုံရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို လုပ်နေရတဲ့ စစ်လွန်းဝတီထက်ဟာ မိခင်လို အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်တယ်လို့ အင်တာဗျူးတချို့မှာ ဖြေဆိုခဲ့ပေးဖူးပါတယ်။

 

Photo : စိုင်းလွှမ်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD