AD
AD
AD
play

 

ချစ်စရာမျက်နှာလေးနဲ့ အပြုံးချိုချိုလေးကြောင့် ပရိသတ်တွေသတိထား အားပေးမှု ရရှိထားတဲ့ အစီစဉ်တင်ဆက်သူလေး ထရီဇာကို ပရိသတ်တွေက သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်ချင်ကြပါတယ်။

ဒါပေမယ့် သူမကအနေနဲ့က MC အလုပ်ဟာ သူမအတွက် ကျွမ်းကျင်တဲ့အလုပ်ဖြစ်တာကြောင့် MC တစ်ယောက်အဖြစ်ဆက်ပြီးတော့ ရပ်တည်သွားဖို့ပဲ စဉ်းစားထားပါတယ်တဲ့။

play

 

"ထရီဇာကို MC အနေနဲ့ သိကြတယ်။ သရုပ်ဆောင်အလုပ်ကို ဘာလို့ မလုပ်တာလည်းလို့မေးရင်တော့ ထရီဇာကိုယ်တိုင် မကျွမ်းကျင်တဲ့အလုပ်တစ်ခုဖြစ်နေလို့ပါ။ ကိုယ်မကျွမ်းကျင်တဲ့အလုပ်ကျတော့ ကိုယ်လည်း တာဝန်မယူရဲဘူး။ပရိသတ်ကိုလည်း ကိုယ်မကျွမ်းကျင်ပဲနဲ့မချပြချင်ဘူး။ အဲ့ဒါကြောင့် ကိုယ်ကျွမ်းကျင်တဲ့အလုပ်မှာပဲ ရပ်တည်သွားချင်ပါတယ်။ ကြားထဲမှာတော့ ကြော်ငြာလေး တွေရိုက်တာတော့ ရှိပါတယ်။ မော်ဒယ်အနေနဲ့ သရုပ်ဆောင်အနေနဲ့ လုပ်သွားဖို့ မရှိပါဘူး" လို့ သူမက Duwun Media ကို ဖြေဆိုပေးခဲ့ပါတယ်။

play

 

သူမအနေနဲ့ ဝါသနာမပါပေမယ့်လည်း ပရိသတ်တွေက သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ်မြင်ချင်နေကြတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် ထရီဇာအနေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောပြခဲ့ပါသေးတယ်။

MC လောကထဲကို သူမစဝင်ကတည်းက ဆယ်လီတစ်ယောက် ဖြစ်ချင်လို့မဟုတ်ပဲ  MC အလုပ်ကို အချိန်ပိုင်းလုပ်ရင်း ဝါသနာပါလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

သူမကို လွန်ခဲ့တဲ့ လပိုင်းတုန်းကလည်း ထရီဇာနဲ့ ကျော်ထက်အောင်တို့ မင်္ဂလာလက်မှတ်ရေးထိုးကြတယ်ဆိုတဲ့ သတင်းအမှားတစ်ခု ထွက်ပေါ်ခဲ့ပါသေးတယ။်

အမှန်က ကျော်ထက်အောင်နဲ့ သူမက "စွမ်းရည်​မြင့်​မား အမျိုးသမီးများ အနာဂတ်​​ကောင်း​အောင်​ ဖန်​တီးကြစို့လား" ရန်​ပုံ​ငွေ ဂီတ​ဖျော်​​ဖြေပွဲမှာ presenter အဖြစ်​ပါဝင်​ခဲ့ကြတာဖြစ်ပါတယ်။

 

Photo : ထရီဇာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD