AD
AD
AD
play

 

သရုပ်ဆောင် စိုးမြတ်နန္ဒာရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၈) ရက်နေ့ညပိုင်းက ပုံအသစ်လေး တင်ထားတာ ဖြစ်ပါတယ်။ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့နှစ်ယောက် နှစ်သစ်မှာ ဘုရားသွားထားတဲ့ ပုံလေးဖြစ်ပါတယ်။

နှစ်ယောက်သား ဆီမီးလေးတွေ ပူဇော်နေတဲ့ ပုံလေးနှစ်ပုံကို တင်ထားတာပါ။ အင်္ကျီအဖြူလေးတွေနဲ့ ယောဂီအရောင် ဆင်တူဝတ်ထားတဲ့ သူတို့နှစ်ဦးကို ကြည့်ရတာ ကြည်နူးဖို့ ကောင်းလှပါတယ်။

play

သင်္ကြန်တွင်းတုန်းကလည်း သူတို့နှစ်ယောက်စလုံး မိသားစုနဲ့အတူ မေမြို့ရောက်နေတယ်လို့ သိရပါတယ်။

စိုးသူနဲ့ စိုးမြတ်သူဇာတို့ စုံတွဲကတော့ ခရီးတွေ အတူတူသွားဖြစ်နေတာလည်း တွေ့ရပါတယ်။အနုပညာလောကမှာ နေရာတစ်နေရာစီကို ခိုင်ခိုင်မာမာရရှိထားသူတွေလည်း ဖြစ်ပါတယ်။

play

 

သူတို့ကို ဝေဖန်တဲ့ ပရိသတ်တွေလည်းရှိသလို လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဖြစ်တယ်ဆိုပြီး အားပေးထားတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။

စိုးမြတ်နန္ဒာကတော့ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေတဲ့ စိုးမြတ်နန္ဒာက ပိုးထည်ဆိုင်လည်း ဖွင့်ထားပါတယ်။ ယခုလောလော ဆယ်မှာ တော့ သူမက စီးပွားရေးဘက်ကိုပဲ ဦးစားပေးဖြစ်နေပြီး သားဖြစ်သူကို ဂရုစိုက်ဖြစ်နေပါတယ်။

play

 

သားဖြစ်သူရဲ့ ဝေယာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာ ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ နားထားတာကိုလည်း တွေ့ရပါတယ်။

 

Photo : စိုးသူ FB၊ စိုးမြတ်နန္ဒာ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD