AD
AD
AD
play

 

ဒီနေ့(ဧပြီ၁၉ရက်)က သရုပ်ဆောင်နန္ဒာလှိုင် သမီးလေး ရတီရဲ့ မွေးနေ့ဖြစ်ပါတယ်။ သမီးလေးရဲ့ မွေးနေ့မှာသမီးလေးအတွက် မွေးနေ့အလှူပြုလုပ်ပေးနေတာကိုလည်း တွေ့ရပါတယ်။

အိမ်ရှေ့ကို ဆွမ်းခံကြွတဲ့ ရဟန်းသဃာများကို အာဟာရဒါန လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

အလှူလုပ်နေတဲ့  ပုံလေးတွေကို နန္ဒာလှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ တင်ရင်းယခုလို စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။

"Happy birthday!   သမီးလေးရတီအရမ်းလိမ္မာတဲ့သမီး ဘဝတလျှောက်လုံးအေးချမ်းပါစေ"ဆိုပြီးတော့ ဆုတောင်းစကားလေး ပြောထားပါသေးတယ်။

သမီးလေးတွေဘေးနားမှာ အဖော်ပြုပေးနေတဲ့ မေမေနန္ဒာလှိုင်ကို ပရိသတ်တွေက အခုထက်ထိ အားပေးနေဆဲပါ။

play

 

အနုပညာအလုပ်တွေ နားထားပေမယ့်လည်း ယခုထက်တိုင် ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

play

 

အနုပညာလောကမှာ တစ်ချိန်က အောင်မြင်ခဲ့တဲ့ သူမဟာ ၁၉၉၈ခုနှစ်က ရွှေနန့်သာစံအိမ်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့ ၂၀၀၆ခုနှစ်က တောင်တံမန်သစ္စာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု  စတဲ့ အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

 

Photo : နန္ဒာလှိုင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD