AD
AD
AD
play

 

ခီစုံတွဲလေး ဖြစ်တဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့က နှစ်သစ်လေးမှာ မြန်မာနိုင်ငံ ရှေးဟောင်းအမွေအနှစ်တွေ ပေါများရာ ပြည်မြို့သို့ သွားရောက်နေတယ်လို့ သိရပါတယ်။

ပြည်မြို့မှာရှိတဲ့ ကမ္ဘာ့အမွေအနှစ်တွေစုစည်းရာ သရေခေတ္တပျူမြို့ဟောင်းသို့ အရောက်သွားလည်ခဲ့ကြတဲ့ သူတို့ဇနီးမောင်နှံမှာ ပြည်မြို့မှာ ပျော်လို့နေပါတယ်။

play

 

သူတို့သွားခဲ့တဲ့ နေရာလေးတွေကို မှတ်တမ်းတင် ရိုက်ထားတဲ့ဓာတ်ပုံလေးတွေကို ခရစ္စတီးနားခီရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာလည်း တွေ့ရပါတယ်။

"နှစ်သစ်ရဲ့အစလေးမှာ ကျနော်ပြည်မြို့ကိုရောက်နေပါတယ်။ မုဒြာခေါ်သံကားလေးကိုလည်း တစ်ခဲနက်အားပေးကြတဲ့ တစ်နိုင်ငံလုံးကပရိတ်သတ်ကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ဗျာ

နှစ်သစ်မှာ ကျန်းမာလန်းဆန်းပြီး ပျော်ရွှ့င်စရာနေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ"ဆိုပြီး ဇဏ်ခီရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

သူတို့မိသားစုလေးရဲ့ ချစ်စရာကောင်းလှတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

သူတို့ဇနီးဟာ ပြည်မြို့မှာ ရှိတဲ့ ပရိသတ်တွေနဲ့ လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ပြည်မြို့ရဲ့ မင်္ဂလာဂါးဒင်းဟိုတယ်မှာ ပရိသတ်များနဲ့တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

play

 

ခီတို့ဇနီးမောင်နှံဟာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ ဇဏ်ခီကိုလည်း ဥပါယ်တံမျဉ်ရုပ်ရှင်နဲ့ ပရိသတ်တွေ လက်ခံအားပေးတာဖြစ်ပြီး ခရစ္စတီးနားခီကိုလည်း အဲ့ဒီကားကလို့ ပရိသတ်တွေ အားပေးခဲ့တာဖြစ်ပါတယ်။

ဥပါယ်တံမျဉ်ရုပ်ရှင်နဲ့ အောင်မြင်မှုကိုယ်စီရရှိခဲ့တဲ့ သူတို့နှစ်ဦးဟာ အခုဆိုရင် ပရိသတ်အခိုင်အမာရရှိထားသူတွေဖြစ်ပါတယ်။

play

 

ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကတော့ အရမ်းကိုအောင်မြင်လျှက်ရှိသလို အတိုက်အခိုက်တွေ ကြား ထဲကမှ ပရိသတ်အားပေးမှုအများကြီးရရှိလာတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို အခုလက်ရှိ ရုံတင်ပြသနေတဲ့ မုဒြာခေါ်သံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း အောင်မြင်မှုရရှိနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

 

Photo : ခရစ္စတီးနားခီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD