AD
AD
AD
play

 

အနုပညာရှင်နာမည်တွေကိုသုံးပြီး ငွေသားကံစမ်းမဲဖောက်ပေးတာတို့ ဖုန်းကံစမ်းမဲဖောက်ပေးတာမျိုးတွေ ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ခေတ်စားလို့နေပါတယ်။

အခုအခါမှာ လင်းလင်းနဲ့ ချစ်သုဝေတို့ နာမည်အသုံးပြုထားတဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျတွေကနေ ကံစမ်းမဲ ဖောက်ပေးမယ်ဆိုပြီး အွန်လိုင်းမှာ ပြန့်နေပါတယ်။

play

 

အဲ့ဒါနဲ့ ပတ်သက်ပြီး  လင်းလင်းနဲ့ချစ်သုဝေတို့က ကံစမ်းမဲဖောက်ပေးတာတွေ မလုပ်သလို အဲ့လိုပြောနေတဲ့ အကောင့်တွေကိုလည်း ပရိသတ်များတွေ့ပါက Report ထုပေးကြဖို့အတွက် ပြောထားတာတွေ့ရပါတယ်။

"ကျွန်တော့်ပေ့ခ်ျက ကံစမ်းမဲမပါဘူး, မဲလဲဖောက်မပေးဘူး ဘာလို့လဲဆိုတော့ အခုဒီအကောင့်က

အစစ်မို့လို့ပါ,,လိုရင်းကိုပြောရရင် ဒီအောက်က ပေ့ခ်ျကအတုကြီးပါ ဖော်လိုဝါများလာရင် နာမည်ပြောင်းပြီး

စီးပွားရေးလုပ်ရင်လုပ် , ဒါမှမဟုတ် ကျုပ်တို့ကို မဟုတ်တာတွေလုပ်ပြီး သိက္ခာချမှာပေါ့,,

ဒီတော့ အဆင်ပြေမယ်ဆိုရင် report လေးထုပေးပေါ့,,

Share တဲ့လူကလဲ နှစ်သောင်းတောင်ကျော်တယ်

ဖီလင် - အားအားယားယား လက်ဖြန့်တောင်းတဲ့ စောက်ကျင့်တွေကို တွန်းလှန်ကြပါစို့,,

(ကျွန်တော်တို့ လင်မယားနှစ်ယောက်က အခုဒီအကောင့်နှစ်ခုဘဲ ရှိပါတယ် ,,,,,)" ဆိုပြီးတော့ လင်းလင်းရဲ့ အကောင့်အစစ်မှာ တင်ထားခဲ့ပါတယ်။

play

 

သူတို့ဇနီးမောင်နှံဟာ ပရဟိတအလုပ်တွေ လုပ်နေပေမယ့် ပရိသတ်တွေကို သိပ်ပြီး အသိပေးလေ့လည်း မရှိပါဘူး။ ဒါပေမယ့် အခုလို ကံစမ်းဖောက်ပေးတဲ့ ပေ့ခ်ျနဲ့ ပတ်သက်ပြီး ပြောရင်းနဲ့ သူတို့လုပ်ခဲ့တဲ့ ပရဟိတအစီအစဉ်တွေနဲ့ လုပ်ဖို့ စီစဉ်ထားတဲ့ အစီအစဉ်တွေကို ပရိသတ်တွေကို ချပြခဲ့ပါတယ်။

"နေပြည်တော်နားက တရားရင်ဆိုင်နေရတဲ့ အဘွားအိုကြီးကိုအလှူသွားလုပ်ပြီးကျွန်တော် Facebook တင်ဖူးတယ်,,ဘာလို့လဲဆိုတော့သိသွားရင်သွားပြီးထပ်လှူလို့ရအောင်လို့ မန္တလေးမှာ စွန့်ပစ်ခံဘို့ဘွားရိပ်သာ တစ်ခုကိုသွားပြီး သိန်း၂၈၀ တန်အဆောက်အဦးတစ်ခုလှူတာကို Facebook တင်ဖူးတယ်,, ဘာလို့လဲဆိုတော့လူသိများသွားရင် သွားလှူလို့ရအောင်လို့

ကျွန်တော့်မိန်းမချစ်သုဝေ စာတော်ပြီးငွေကြေးမပြည့်စုံတဲ့ ကလေးတွေကို ကျောင်းစရိတ်ထုတ်ပေးတယ် တစ်ချို့ဆေးကျောင်း တောင်တက်နေပြီ ဒါပေမယ့် Facebook မတင်ဘူး ဘာလို့လဲဆိုတော့ မလိုအပ်လို့  ကျွန်တော်တို့လုပ်နေတဲ့ တစ်ပိုင်တစ်နိုင် တစ်ခြား  အလှူတွေအများကြီးရှိတယ် Facebook မတင်ဘူးဘာလို့လဲဆိုတော့ မလိုအပ်ဘူးထင်လို့

အခုမွေးထားတဲ့ သမီးနှစ်ယောက်နာမည်နဲ့ငါးနှစ်အောက်ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ပရိုဂရမ်အကြီးကြီးလုပ်ပြီး စီးပွားရေးလုံးဝ(လုံးဝ) မပါတဲ့ အလှူအကြီးကြီး လုပ်ဖို့ရှိတယ် အမေစု နဲ့တောင် ဖွင့်ပြောတိုင်ပင်ပြီးပြီ

ပညာရှင်တွေနဲ့လဲ တိုင်ပင်စီစဉ်နေတယ် ရုပ်သံတစ်ခုနဲ့လဲ ဆွေးနွေးပြင်ဆင်နေတယ် ဒါပေမယ့် Facebook မတင်သေးဘူး ဘာလို့လဲဆိုတော့ မလိုအပ်သေးဘူးထင်လို့ အဲဒီတော့ အောက်က စကင်ရှော့ ရိုက်ထားတဲ့ ပေ့ခ်ျကအတုလားအစစ်လား စဉ်စားပေါ့လေ, " လို့ ပြောထားခဲ့ပါတယ်။

play

 

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

play

 

သူတို့နှစ်ဦးရဲ့ ဘဝထဲမှာ အခုဆိုရင် မေမြန်မာသစ်နဲ့ မေမြန်မာခေတ်ဆိုတဲ့ ချစ်စရာအရမ်းကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို လည်း ပါဝင်လို့နေပါပြီ။

မေမြန်မာသစ်နဲ့ မေမြန်မာခေတ်ဆိုတဲ့ ချစ်စရာအရမ်းကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို မေမေချစ်သုဝေက ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရမ်းချော၊ အရမ်းချစ်စရာကောင်းတဲ့ သူတို့လေး ၂ ယောက်ဟာ ပရိသတ်အချစ်တော် ကလေးလေးတွေလည်း ဖြစ်ကြပါတယ်။

 

Photo : လင်းလင်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD