AD
AD
AD
play

 

လူငယ်အဆိုတော် ရွှေထူးဟာ နှစ်ဆန်း(၂) ရက်နေ့က သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့တယ် လို့သိရပါတယ်။ ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ဒိုးပင်ရိပ်သာကျောင်းမှာ  ဒုလ္လဘရဟန်းဝတ်ခဲ့တာဖြစ်ပြီး ဘွဲ့နာမည်က ဦးနန္ဒမာလာဆိုပြီး အမည်တွင်ခဲ့ပါတယ်။

play

 

ဒီနေ့(ဧပြီ၂၁ရက်)မှာ ရွှေထူးက ဖေ့စ်ဘွတ်မှာ ဆွမ်းခံကြွနေတဲ့ ပုံရိပ်လေးတွေကို တင်ပြီး ယခုလို စာသားလေးလည်း ရေးသားထားတာ တွေ့ရပါတယ်။

"လူမထွက်ခင်အားလုံးသာဓုခေါ်ဆိုနိုင်အောင်တင်ပေးလိုက်ပါတယ်" ဆိုပြီး ပြောထားပါတယ်။

play

 

ရွှေထူးဟာ သင်္ကြန်မတိုင်ခင်ကတည်း သင်္ကြန်ပြီးရင် ရဟန်းဝတ်မယ်လို့ ပရိသတ်တွေကို အသိပေးထားတဲ့အတိုင်း ရဟန်းဝတ်ဖြစ် ခဲ့တာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ အသဲစွဲအဆိုတော်တွေထဲမှာ ရွှေထူးလည်းတစ်ယောက်အပါအဝင်ပါ။ သူ့အနေနဲ့ စိတ်ကူးယဉ်စာ အုပ်ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော် အခွေထွက်ခဲ့တုန်းကလည်း ပရိသတ်တွေအများကြီးအားပေးခဲ့ကြသလို ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ I Album အခွေ ကလည်း လူငယ်ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးခြင်းကို ရရှိခဲ့တာဖြစ်ပါတယ်။

သီချင်းခွေတွေမှာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ရွှေထူးဟာ သရုပ်ဆောင်ဘက်မှာလည်း သူပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေလည်း ရှိလို့နေပါပြီ။

 

Photo  : ရွှေထူး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD