AD
AD
AD
play

 

ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့်မြန်မာနိုင်ငံရဲ့ JCGV ရုပ်ရှင်ရုံတို့မှာ နှစ်ဆန်း(၂) ရက်နေ့ကစပြီး ရုံတင်ပြသခဲ့တဲ့ ည ရုပ်ရှင်ဇာတ်ကားကြီးက အခုဆိုရင် စင်ကာပူနိုင်ငံမှာပါ သွားရောက်ပြသတော့မှာ ဖြစ်ပါတယ်။

ညရုပ်ရှင်ဇာတ်ကားကို စင်ကာပူနိုင်ငံ Carnival cinema (Golden Mile Tower) မှာ ဧပြီ(၂၉)ရက်နဲ့ မေ(၁)ရက်နေ့တို့မှာ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

စင်ကာပူက "ည" ပရိသတ်များနဲ့လည်း ညအဖွဲ့သားတွေ တွေ့ဆုံဖို့လည်းရှိတယ်လို့ ညရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကြော်ငြာထားပါတယ်။

"ညရုပ်ရှင် #စင်ကာပူ #ပြပြီ  April 29 (Sunday) နဲ့ May 1 (May day)တို့မှာ Carnival cinema (Golden Mile Tower) မှာစတင်ပြသပါမယ်။

ပွဲချိန်ကတော့ နှစ်ရက်စလုံးအတွက် နေ့လည် 12နာရီ နဲ့ 3နာရီပါ။#လက်မှတ်များကိုonlineမှယခုစတင်ဝယ်ယူနိုင်ပါပြီ။www.carnivalcinemas.sg(ကိုယ်အဆင်ပြေတဲ့ထိုင်ခုံနေရာရွေးချယ်နိုင်ဖို့အတွက် ထိုင်ခုံနေရာအားလုံးနီးပါး onlineဝယ်ယူနိုင်ဖို့ ဖွင့်ထားပါတယ်နော်။)

လူကိုယ်တိုင် လာရောက်ဝယ်ယူလိုပါက ပင်နီဆူလာပလာဇာB1မြနန္ဒာစားသောက်ဆိုင်နဲ့ ညရှပ်ရှင်ပြသမယ့် carnival cinemas တို့မှာ ကြိုတင်ဝယ်ယူနိုင်ပါတယ်ခင်ဗျ။

စင်ကာပူမှ ***ည***ပရိသတ်ကြီးနဲ့ မကြာမီ တွေ့ဆုံဖို့ရာ ညရုပ်ရှင်အဖွဲ့သားများမှ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါတယ်နော်။" ဆိုပြီး ရေးသားထားပါတယ်။

play

 

လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဖန်တီးရိုက်ကူးထားပြီးတော့ လူငယ်သရုပ်ဆောင် တွေ ပါဝင်ထားတဲ့ ယင်းရုပ်ရှင်ဇာတ်ကားကြီး ဟာဆိုရင် ပရိသတ်တွေကြား ရေပန်းစားအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

play

 

မတူထူးခြားတဲ့ ရသတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ယင်းရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်သစ်တွေဖြစ်ကြတဲ့ နက်ရှိုင်းကို၊ Russell ၊ မိုးယသော်၊ အောင်ရဲထိုက်၊ နန်းခေးမိုး၊ မြတ်နိုးအေး၊ ညိမ်းသော်၊ နန်းထရေစီ၊ချမ်းမင်းရဲထွဋ်၊ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ညရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာရဲ့ စန်းသစ်မှုတွေနဲ့အတူ ပါဝင်ကြသူတွေအားလုံး ကြိုးစားထားကြတဲ့ ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ အကယ်ဒမီ စာရင်းဝင်စေချင်ခဲ့သလို အကယ်ဒမီဆုကိုလည်း ရစေချင်ကြတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

 

Photo : ည

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD