AD
AD
AD
play

 

မေလထဲမှာ "ပပဝတီစီရင်ခန်း" ရုပ်ရှင်ရိုက်ဖို့ စီစဉ်ထားပေမယ့် မိုးဟေကို မိခင်ရဲ့ ကျန်းမာရေးကြောင့် ရိုက်ကူးမှု ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။  ဒါရိုက်တာ ဝိုင်း ရိုက်ကူးမယ့် အဲ့ဒီကားကို နှစ်ကုန်ပိုင်းကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ဖွေးဖွေးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

"မေ လထဲမှာ မမီးမီးရွှေခြူး စီစဉ်ပြီး ဒါရိုက်တာ "ကိုဝိုင်း" ရိုက်ကူးမယ့် "ပပဝတီ စီရင်ခန်း " ရုပ်ရှင်အား ချစ်တဲ့ အမ မိုးဟေကို ရဲ့ မိခင် ကျန်းမာရေးကြောင့် နှစ်ကုန်ပိုင်းသို့ ရွှေ့ဆိုင်းထားပါကြောင်း" ဆိုပြီး ပြောထားပါတယ်။

play

 

ဇာတ်ကား ရက်ရွှေ့ခြင်းအကြောင်း ပြောထားရင်းနဲ့ မိုးဟေကို မိခင်အတွက်ကိုလည်း ဖွေးဖွေးက ဆုတောင်းပေးထားပါတယ်။

"မမိုးဟေကို မိခင် အမြန် ပြန်ကျန်းမာ လာပါစေကြောင်း မမိုး လည်း စိတ်သောက ကင်းစွာ အနုပညာ အလုပ်များ တူတူ ဆက်လုပ်နိုင်ပါစေကြောင်း.. I will Pray for you ma... love you .." ဆိုပြီးတော့ ဆက်လက်ပြောထားတာတွေ့ရပါတယ်။

သရုပ်ဆောင် မိုးဟေကိုဟာ ယခုနောက်ပိုင်းမှာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ပဲ မိခင်ကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။

play

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

play

၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

 

Photo : ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD