AD
AD
AD
play

 

သရုပ်ဆောင် နဝရတ်ရဲ့ ဖခင်ကြီး ဒုတိယဗိုလ်မှူးကြီး ကိုကိုငြိမ်းဟာ မေလ(၆)ရက်နေ့ က ဆုံးပါးသွားပြီလို့ သိရပါတယ်။ ဖခင်ဆုံးသွားချိန်မှာ နဝရတ်ဟာ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ရဲ့ profile ၊ Cover Photo နှစ်ခုစလုံးကို အနက်ရောင် ချိန်းထားခဲ့ ပါတယ်။

play

 

မေလ(၇)ရက်နေ့မှာတော့ ဖခင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့နေတဲ့ပုံလေးတွေကို တင်ခဲ့ပြီး "အဖေကြီး! ငြိမ်းအေးတဲ့ နေရာလေးကိုရောက်သွားပါပြီ." ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

ဖခင်ကြီးရဲ့ ဘေးနားမှာ အနီးကပ် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ နဝရတ်ဟာ ဖခင်ကြီး ဆုံးပါးသွားတဲ့အတွက် ဝမ်းနည်းနေပါတယ်။ သင်္ကြန်တွင်း တစ်တွင်းလုံးလည်း ဖခင်ကြီးဘေးမှာ ပြုစုစောင့်ရှောက်နေခဲ့တာပါ။

play

 

အခုတော့ ဖခင်ကြီးရဲ့ နောက်ဆုံးခရီးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိတာကို သူမတင်ထားတဲ့ ပုံလေးတွေ ကိုကြည့်ပြီး တွေ့မြင်နိုင်မှာပါ။

ဖခင်ကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတဲ့ နဝရတ်အတွက် ပရိသတ်တွေက အားပေးထားတာလည်း တွေ့ရပါတယ်။သူမရဲ့ ပရိသတ်တွေလည်း သူမနဲ့ ထပ်တူဝမ်းနည်းနေကြပါတယ်။

play

နဝရတ်ဟာ ဇာတ်ရုပ်တိုင်းကို သဘာဝကျကျနဲ့ ပီပြင်စွာ အပိုအလိုမရှိ သရုပ်ဆောင်ပိုင်နိုင်မှုကြောင့် ယခုထက်တိုင် ပရိသတ်အားပေးမှုကို ရရှိထားပါ။

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဦးစီးပြီးအပျိုကြီးဘဝနဲ့ တစ်ယောက်လည်း ဖြတ်သန်းကာ မိသားစုနဲ့အတူ ပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။သူမဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပေမယ့်လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာတော့ သူမရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်း တင်လေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေသူလည်း ဖြစ်ပါတယ်။

play

စီးပွားရေးဘက်ကို အချိန်ပေး လုပ်ဖြစ်နေတဲ့ နဝရတ်ကိုလည်း ပရိသတ်တွေက ပိတ်ကားပေါ်မှာ မြင်ချင်သေးတယ်ဆိုတဲ့ တောင်းဆိုတာ လေးတွေလည်း ရှိနေပါတယ်။

 

Photo : နဝရတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD