AD
AD
AD
play

 

သရုပ်ဆောင်ဖွေးဖွေးက လူငယ်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ လက်တွဲအလုပ်လုပ်တော့မယ်လို့ သိရပါတယ်။ ဖွေးဖွေးရဲ့ ဖေ့စ်ဘွတ်မှာရော ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖေ့စ်ဘွတ်မှာပါ ဇာတ်ညွှန်းစာအုပ်လေးကို ဓာတ်ပုံရိုက်ပြီး လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက် တင်ခဲ့ပါတယ်။

ဖွေးဖွေးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇာတ်ညွှန်းစာအုပ်ကို ဓာတ်ပုံရိုက်ပြီး တင်ထားသလို Feeling excited  ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ ဇာတ်ကားနာမည်က "သူစိမ်းအိမ်"လို့နာမည်ပေးထားတာ ဖြစ်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးပုံဖော်မှာပါ။

play

 

ထူးပိုင်ဇော်ဦးနဲ့ လက်တွဲ အလုပ်လုပ်တော့မယ့် အကြောင်းကို ဖွေးဖွေးရဲ့ ဖေ့စ်ဘွတ်မှာ တင်တင်ချင်မှာပဲ ပရိသတ်တွေက ဝမ်းသာတဲ့ ကောမန့်တွေနဲ့ နှစ်ယောက်တွဲ ပုံဖော်မယ့် ဇာတ်ကားကို ကြည့်ချင်ကြောင်းစတဲ့ ကောမန့်တွေက ဝေဆာလို့နေပါတယ်။

အောင်မြင်နေတဲ့ လူငယ်ဒါရိုက်တာတစ်ယောက်နဲ့ အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်ပါးလို့ ဆိုနိုင်တဲ့ ဖွေးဖွေးနဲ့ လက်တွဲပြီး ရိုက်ကူးပုံဖော်မယ့် ဇာတ်ကားဟာ ဘယ်လိုအခြေအနေရောက်လာမလဲဆိုတာ ပရိသတ်တွေလည်း ရင်ခုန်နေကြပါတယ်။

play

 

ထူးပိုင်ဇော်ဦးဟာ ညဇာတ်ကားကို ပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ တစ်ဦးဖြစ်ပြီး လူငယ်ဒါရိုက်တာ လောကမှာ အောင်မြင်မှုတစ်ခုကို စတင်ပိုင်ဆိုင်နေသူလည်းဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ လက်ခံအားပေးမှုသာမက အနုပညာလောကသားတွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ထူးပိုင်ဇော်ဦးအတွက် ဒီတစ်ခါရိုက်ကူးမယ့် ဇာတ်ကားဟာလည်းဘယ်လောက်ထိ စိတ်ဝင်စားစရာကောင်းနိုင်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

play

 

ဖွေးဖွေးဟာ ဂီတကို ဝါသနာပါသူ တစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူ တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားပေါင်း တစ်ရာကျော် ရိုက်ကူးခဲ့သူ တစ်ဦးဖြစ်ပြီး မဂ္ဂဇင်းကာဗာများစွာနဲ့ ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုကို ရရှိခဲ့ပါတယ်။

play

 

၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

 

Photo : ဖွေးဖွေး ဖေ့စ်ဘွတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD