AD
AD
AD
play

 

အကယ်ဒမီ သရုပ်ဆောင် လူမင်းရဲ့ အသက်(၄၈)နှစ်ပြည့် မွေးနေ့အလှူကို အနုပညာဆည်းဆာရိပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာ (မေလ၇ရက်)ကျရောက်တဲ့ လူမင်းရဲ့ မွေးနေ့မှာ ဆရာတော်သံဃာတော်များ၊ သီလရှင်များနဲ့ ဘိုးဘွားများကို အလှူငွေတွေ လှူဒါန်းခဲ့ပါတယ်တဲ့။

လူမင်းတို့ရဲ့ ပါရမီနေအိမ်မှာ ပူဇော်ထားတဲ့ ဗုဒ္ဓကိုယ်စားတော်အား အနုပညာဆည်းဆာရိပ်ဘုရားကျောင်းဆောင်သို့ ပင်ဆောင်လှူဒါန်းပူဇော်ခဲ့တယ်လိုကလည်း သိရပါတယ်။

play

 

"ကိုလူမင်းရဲ့(၄၈)နှစ်ပြည့်မွေးနေ့အလှူ ပါရမီနေအိမ်တွင် ပူဇော်ထားသော ဗုဒ္ဓကိုယ်စားတော်အား အနုပညာဆည်းဆာရိပ် ဘုရားကျောင်းဆောင်သို့ပ င်ဆောင်လှူဒါန်းပူဇော်ပြီး ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ ဘိုးဘွားများအား အလှူငွေလှူဒါန်းပြီး ရွှေခေါက်ဆွဲဖြင့်တည့်ခင်းဧည့်ခံပြီးမွေးနေ့အလှူကိုဖြတ်သန်း သတိတရမွေးနေ့ဆုတောင်းပေးကြသောမိတ်ဆွေအပေါင်းအသင်းများ၊ပရိသတ်များ၊မိသားစုဝင်များ၊သတင်းမီဒီယာများ(အကျဉ်းချုံးထားတာမို့အားလုံးကိုအထူးတလည်မဖိတ်ကြားပေမယ့်လည်းလာရောက်ပေးကြတဲ့အတွက်)အားလုံး အားလုံးကို ကျေးဇူးအထူးတင်ပါတယ်" ဆိုပြီး လူမင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။

play

အနုပညာလောကထဲမှာ နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားသူ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ လူမင်းဟာ အခုဆိုရင် အသက်(၄၈)နှစ် ပြည့်သွားခဲ့ပါပြီ။

လူမင်းဟာ၂၀၁၃ဇွန်လကစတင်ကာ ၂၀၁၇ခုနှစ်အထိ ဥက္ကဌသက်တမ်း နှစ်ဆက်ပေါင်း လေးနှစ်ကျော် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

play

 

သူဥက္ကဌရာထူးကို ထမ်းဆောင်ခဲ့စဉ်မှာလည်း ရုပ်ရှင်လောကအတွင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုတွေဖြစ်ခဲ့ရပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦး လည်း ဖြစ်ပါတယ်။

play

၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။

အခုလက်ရှိမှာ ဒါရိုက်တာဂျိုး ရိုက်ကူးနေတဲ့ "Cover" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

 

Photo : လူမင်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD