AD
AD
AD
play

 

မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဂျေနောဟာ ၂၀၁၈ခုနှစ်အတွင်း သူမရရှိထားတဲ့ အနုပညာကြေးအားလုံးကို ကချင်စစ်ဘေးရှောင်တွေအတွက် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ ကချင်စစ်ဘေးအန္တရယ် ဒုက္ခတွေကို ခံစားနေရတဲ့ သွေးသားညီအကိုမောင်နှမများကို ကူညီထောက်ပံ့သွားမှာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာ တွေ့ရပါတယ်။

"2018 ခုနှစ် တစ်နှစ်ပတ် လုံး နော လေး အနုပညာ လုပ်ငန်းမှ ရရှိတဲ့ အဖိုးအခ (အနု ပညာ ကြေး)များ အားလုံးကို နောလေးတို့ သွေးသားညီအကို မောင်နှမ များ ခုလို စစ်​​ဘေး အန္တရယ် ဒုက္ခ တွေ ကြား က နေ အခက်​ခဲ မျိုးစုံနဲ့ ရင်​ဆိုင်​​နေရတဲ့ချိန် နောလေး ​ချွေးနဲစာ လေး နဲ့ ကူညီ ထောက်ပံ့ သွားမှာ ဖြစ်ပါတယ် နောလး ပိုက်​ဆံ အရမ်း ချမ်းသာ​နေလို့ မဟုတ်ရပါ ရှင်။ စစ်​​ပြေးရှောင်​ဒုက္ခ​ရောက်​ပြီး ထွက်​​ပြေးသိမ်း​ ရှောင်​လာကြရတဲ့ သက်ကြီးရွယ်အိုတွေ ကိုယ်​ဝန်​​ဆောင်​မိခင်​တချို့  နှင့်​ နာမကျန်း​တဲ့ က​လေးငယ်​တွေ ကျန်းမာ​ရေးချို့တဲ့​သူတွေ သူတို့ လေး တွေ ခံစား ခဲ့ ရမယ့် ဒုက္ခ ,ပင်ပန်း ဆငိးရဲမှုတွေ ,ကျော် ဖြတ် လာရမယ့် အခက်အခဲ တွေ ကို တွေးကြည့်ကိုယ်ချင်းစားမိ ရင်း လူသားချင်းစာနာထောက် ထား ပြီး ဒုက္ခ ​ရောက်​​နေတဲ့ ပြည်သူတွေ ထဲ ကပြည်​သူအတွက်​ ကူ ညီပေး ခွင့် ရတာ ကို လဲ အတိုင်းမသိ ဘုရားသခင် ကို ကျေးဇူးတင်မိ ပါတယ်" ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။

play

 

လတ်တလောမှာလည်း ပိတ်မိနေတဲ့ စစ်ပြေးရှောင်ရင်း ဒုက္ခဆင်းရဲပင်ပန်းမှုတွေကို ခံစားနေရတဲ့ သွေးသားတွေအတွက် ကူညီပေးရာမှာ သူမလုပ်ချင်တဲ့ အလှူအတန်းတွေ အားလုံးကို မငြီးမငြူ လိုက်ဆံဖြည့်ဆည်းပေးတဲ့ မိခင်ဖြစ်သူကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။

"လတ်တလော ပိတ်မိနေတဲ့ စစ်ပြေး ရှောင် ရင်း ဒုက္ခ ဆငိးရဲ ပင်ပန်းမှု ပေါင်း များစွာ ကြိတ်မှိတ် အံတင်း ရင်း နောက် ဆုံးတော့ အခက်အခဲ တွေ ကြား က တချို့ တဝက် (လိုင်နောင်း ခူး ကျေးရွာ )ကနေလွတ်မြောက် လာခဲ့ ပီဖြစ်တဲ့ သွေးသား ညီကို မောင်နှမတွေ ခု တော့ ကားမိုင်း မြို့ ပေါ် နှစ်ခြင်း ခရစ္စယာန် ဘုရားကျောင်း မှာ ခို လှုံ ခွင့် ရရှိ ပီ မို့ စိတ် အနည်း ငယ် သက် သာ ရရှိသလို သမီး လုပ်ချင်တဲ့ လုပ်ငန်းဆောင်တာ အားလုံးနဲ့ အလှူ အတန်း လုပ်ငန်းအား လုံးကိုမငြီးမငြူု လိုက်လံဖြည့်ဆည်း ပေးတဲ့ မေမေ့ ကို လဲ ကျေးဇူးအများကြီးတင်ပါတယ် မေမေ " ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

play

ဂျေနောဟာ ကချင်တိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပြီး မော်ဒယ်လောကမှာ နေရာတစ်နေရာ ရပေမဲ့လည်း ဆက်လက် ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဂျေနော

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD