AD
AD
AD
play

 

ခရီးတွေ ဆက်တိုက်သွားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ရန်ကုန်ကို ပြန်ရောက်ခဲ့တဲ့ မယ်လိုဒီဟာ လက်ရှိမှာ နေမကောင်းဖြစ်နေတယ်လို့ သိရပါတယ်။ တစ်လနည်းပါးလောက် ဥရောပခရီးစဉ်သွားခဲ့တဲ့ မယ်လိုဒီဟာ ခရီးက ပြန်ရောက်ပြီး ရက်ပိုင်းလောက်မှာ နေမကောင်းဖြစ် နေကြောင်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

မေလ(၅)ရက်နေ့က သူမနေမကောင်းဖြစ်နေကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ နေမကောင်းပေမယ့်လည်း သူမလက်ခံထားတဲ့ အနုပညာအလုပ်တွေကို တက်နိုင်သမျှ လုပ်ပေးနေတာကိုလည်း တွေ့ရပါတယ်။

play

 

ဒီနေ့(မေလ၉ရက်)မှာ မယ်လိုဒီဟာ သူမဖြစ်နေတဲ့  ဝေဒနာကို ရှုပြီး သံဝေဂရနေတဲ့ စာသားလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်လိုက်ပါတယ်။

"အနေအထားကတော့ စိတ်ရောဂါအထူးကုနဲ့ပါပြရမယ့်သဘောရှိပါတယ်။အင်္ဂလန်ထီပေါက်ရင်တော့ ဥုံဖွ ကောင်းသွားနိုင်ပါတယ် ။ ဒါမှမထူးရင်တော့ သီလရှင်ဝတ်မယ်လို့ စဉ်းစားထားပါတယ်။ အခုတော့ အိမ်ထဲမှာဘဲ မသောက်ဘဲ မူးနေပါတယ်။ မှတ်ချက် ပုံမှန်ဆေးခန်းပြ ဆေးသောက်ရင်း ဖြစ်နေတာပါ။ မြန်မာပြည်မှာ အကောင်းဆုးံဆိုတဲ့ဆရာဝန်ကြီးတွေ ဖေဖေ မေမေ့မျက်နှာကြောင့် အခမဲ့ကုပေးနေပါတယ်(ကြွားတာမဟုတ်ပါ)။ ယခုအရွယ်မှာ စိတ်ကောင်းရှိသော်လည်း ငယ်ငယ်ကမသိတမျိုး သိတစ်မျိုးပုတ်သမျှ အတိတ်ကပုတ်သမျှ ပေးဆပ်နေရပါကြောင်း ခေးမေအားအတုယူရင်း ကုသိုလ် အကုသိုလ် ဆင်ခြင်နိုင်ကြပါစေ၇ရက်သားသမီးအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုး လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်။ခေးမေလဲပြည့်ပါရစေရှင်" ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

မယ်လိုဒီဟာ လက်ရှိမှာ သူမက "Vertigo" ဆိုတဲ့ ရောဂါကို  ခံစားနေရတာဖြစ်တယ်လို့ သိရပါတယ်။ဗာတီဂို ရောဂါဆိုတာဟာ ခေါင်းမူးတဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီး ထိုသို့ခေါင်းမူးခြင်းမှာ မိနစ်ပိုင်းခန့်မှာနာရီပိုင်း(သို့) ရက်ပိုင်းအထိ ကြာမြင့်တတ်တယ်လို့ သိရပါတယ်။ ဗာတီဂို ရောဂါကို ခံစားနေရသူဟာ နေထိုင်ရမကောင်းခြင်း ပျို့အန်ခြင်းကို ဖြစ်စေပါတယ်။ ဟန်ချက်ညီအောင် မထိန်းနိုင်ဘဲလည်း ဖြစ်တတ်သလို ပတ်ချာလည်ပြီးခေါင်းမူးခြင်းဟာ နားအတွင်းဆုံးပိုင်းမှာ ပြဿနာဖြစ်ခြင်းကြောင့်လို့ ဆေးပညာဆိုင်ရာ သတင်းဝက်ဆိုဒ်များတွင် ဖော်ပြထားတာတွေ့ရပါတယ်။

play

 

မယ်လိုဒီဟာ ယင်းရောဂါကို ခံစားနေရတာကြောင့် သူမရဲ့ ဝေဒနာတွေကိုကြည့်ပြီး သံဝေဂရနေတာလည်း ဖြစ်ပါတယ်။လက်ရှိမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆက်တိုက်ဆိုသလို လုပ်နေပေမယ့်လည်း လုံးဝ နေပြန်ကောင်းတာမျိုး မဟုတ်သေးဘူးလို့လည်း သိရပါတယ်။

သရုပ်ဆောင် မယ်လိုဒီဟာ အိမ်ထောင်ကျပြီးနောက်ပိုင်းအနုပညာလောကနဲ့ ဝေးကွာနေခဲ့ပြီး သားလေး(၃)နှစ်သားအရွယ်လောက်မှာ အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ကိုင်လာတာတွေ့ရပါတယ်။ ပွဲတွေ တော်တော်များများ တက်ရောက် ဖြစ်သလို ဇာတ်ကားရိုက်ကူးမှုတွေမှာလည်း ပါဝင်လာပြီဖြစ်ပါတယ်။

play

အနုပညာလောကထဲ ပြန်လည်ဝင်ရောက် လာပြီဖြစ်တဲ့ မယ်လိုဒီဟာ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ ဝိတ်ချလျက်ရှိရာ ယခုဆိုရင် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပါပြီ။

ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့် သူမရဲ့ အလှကတော့ အပျိုလေးတွေတောင်ရှုံးလောက်ပါတယ်။မယ်လိုဒီဟာ အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၁ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ထာဝရအလင်းတန်းများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo : မယ်လိုဒီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD