AD
AD
AD
play

အဆိုတော်မိုးမိုးနဲ့ သူ့ရဲ့ ဇနီးဟာ မေလ ၈ ရက်နေ့ မနက်မှာပိုင်းက သစ်တံခါး ဘုန်းကြီးကျောင်းမှာ ဆရာတော်ချီးမြှင့်တဲ့ မွေးနေ့ လက်ဆောင်တရားတော်ကို နာကြားခဲ့တယ်လို့ ဆိုပါတယ်။ မွေးနေ့ အမှတ်တရအနေနဲ့ မွေးနေ့ပွဲစီစဉ်ပေးတဲ့ ဇနီးဖြစ်သူနဲ့အတူ မိတ်ဆွေအပေါင်းအသင်းတွေကလည်း မွေးနေ့ကျင်းပပေးခဲ့ကြတယ်လို့ သိရပါတယ်။

'' လာရောက်ကြသည့် မိတ်ဆွေများ အားလုံးကိုကျေးဇူး တင်ရှိပါကြောင်း အထူးသဖြင့် မွေးနေ့ပွဲလေးကို စီစဉ်အကောင်အထည် ဖော်ပေးပါသော (နေ့စဉ်အချစ်တိုး Myat Peti Moe)ဒေါ်ဘုမအား ကျေးဇူးတင်ပါကြောင်းသမီးလေး xoju ကိုလဲ ကျေးဇူးတင်ပါ ကြောင်း'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

play

မွေးနေ့အမှတ်တရအဖြစ် မွေးနေ့လက်ဆောင်တရားတော်ချီးမြှင့်ပေးတဲ့ သစ်တံခါးဆရာတော်နဲ့အတူ မိတ်ဆွေ အပေါင်းအသင်းတွေ ကိုကျေးဇူးတင်တဲ့ အကြောင်းကို မိုးမိုးက အခုလို ရေးသားထားပါသေးတယ်။

'' မနေ့က သစ်တံခါးကျောင်းတွင် ကျင်းပသည့်မွေးနေ့အတွက် မွေးနေ့အမှတ်တရလက်ဆောင် တရားချီးမြှင့်ပေးသည့် ဆရာတော်ကြီး အားလည်းကောင်း၊မွေးနေ့ကိတ် လက်ဆောင်ပေးပါသော Sandi Tun Naing (Kira) မွေးနေ့အတူကျင်းပရာ၌ အစစအရာရာ စီစဉ် ထားသော မယ်မယ် Zarchi Thein တို့နှင့်တကွ အဖက်ဖက်မှ ကူညီကြသူများ ၊(ညဘက် ခိုင်လီမှာ မယ်မယ်နဲ့ အတူမုန့်ခေါ်ကျွေးသော မေမေ Min Khant Kyaw ကိုလဲ ကျေးဇူး)'' လို့ သူကဆိုပါတယ်။

 

play

 

နောက်ထပ်လည်း မွေးနေ့ဆုတောင်းပေးကြတဲ့ မိတ်ဆွေများနဲ့အတူ မွေးသမိခင်ကိုလည်း ကျေးဇူးတင်တယ်လို့ သူကဆိုပါတယ်။

'' မွေးနေ့ဆုတောင်းပေးတဲ့ Facebook မှ မိတ်ဆွေများ အားလုံးကိုလဲ ကျေးဇူးတင်ကြောင်း လူ့ဘဝကို ပေးအပ်ခဲ့တဲ့ အမေ Tin Lay Nwe ကိုလဲFacebook ကနေ လှမ်းကန်တော့လိုက်ပါကြောင်းစကားမစပ် ဝိတ် ၅ ပေါင် ကျဝါးဒေ'' လို့ ထပ်ပြီးတော့ ရေးသား ထားပါတယ်။

မိုးမိုးမှာ ချစ်ရတဲ့ ဇနီးလေးနဲ့အတူ ချစ်ရတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။  တနင်္ဂနွေမိုးရေစက်များ ဆိုတဲ့ တေးစီးရီးကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် မိုးမိုး ကတော့ ဖျော်ဖြေရေးတွေမှာလည်း ပါဝင်သီဆိုနေရသလို၊ Group Song အခွေ တွေမှာလည်း ပါဝင်သီဆိုနေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ EP ဆိုတဲ့ တစ်ကိုယ်တော်အခွေ MTV ရိုက်ဖို့ သူ ဝိတ်ချနေတယ်လို့ ဆိုပါတယ်။

Postby

 

Photo: မိုးမိုးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD