AD
AD
AD
play

 

သရုပ်ဆောင် မြင့်မြတ်ရဲ့ Facebook Account နဲ့ သရုပ်ဆောင်အိချောပိုရဲ့ Facebook Account ကတော့ မေလ ၁၂ရက်နေ့ ညကပဲ 9MC ရဲ့ ထိန်းသိမ်းခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်။ အကောင့်ခိုးပြီး ငွေညှစ်သူတွေရှိလို့ Security Check လုပ်ပေးတာ ပါဆိုပြီးတော့ 9MC က ပြောပြခဲ့ပါတယ်။

''9MC မှ တခြား အနုပညာရှင် အကောင့်များကို ထိန်းသိမ်းသွားမယ်။ မင်းတို့ Account တွေကို ငါတို့ အပိုင်မယူဘူး ပြန်ပေးမှာပါ။ Celebrity အကောင့်တွေခိုးပီး ငွေညှစ်သူတွေ ရှိလို့ Security Check လုပ်ပေးတာပါမကြာခင် ပြန်ပေးပါမယ်။ Control By 9MC'' ဆိုပြီးတော့ အိချောပိုရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ရေးသားထားတာပါ။  အိချောပိုရဲ့ ပရိသတ်တွေလည်း စိတ်မပူကြဖို့ ပြောခဲ့ပါ သေးတယ်။

play

 

သိပ်မကြာခင်မှာပဲ အိချောပိုရဲ့ အကောင့် ပြန်ရဖို့အတွက်  ဆက်သွယ်ပေးပါလို့ ကြေညာခဲ့ပါတယ်။

''အမ Ei Chaw Po Chat Box ကနေ ဆက်သွယ်ထားပေးပါ ခင်ဗျ။ အမ Privacy အတွက် စိတ်မပူပါနဲ့ တစ်စွန်းတစ်စ မှ အပြင် မထွက်စေရပါဘူး။Security Check လုပ်ပေးတာပါ ခင်ဗျ။ Fan တွေလည်း စိတ်မပူကြပါ နဲ့ Thanks 9MC'' ဆိုပြီးတော့ ရေးသား ထားပါသေးတယ်။

play

 

အိချောပိုရဲ့ ဖေ့စ်ဘွတ်အကောင့် ထိန်းသိမ်းခံလိုက်ရသလိုပဲ အကယ်ဒမီသရုပ်ဆောင်မြင့်မြတ်ရဲ့ ဖေ့စ်ဘွတ်အကောင့်လည်း ထိန်းသိမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

'' ကို Myint Myat CB မှာ အကောင့်လာယူပါ ခင်ဗျ 9MC '' ဆိုပြီးတော့ မြင့်မြတ်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ရေးသားခဲ့ပါတယ်။

9 MC ကို အနုပညာရှင်များ ဖွဲ့စည်းထားတဲ့ Actor& Actress ဂရုထဲက Screen Shot အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စတင်သတိထားမိစေခဲ့တာပါ။ အဲ့ဒီနောက် အနုပညာရှင်များစွာတို့ရဲ့ အကောင့်တွေကိုလည်း ခိုးယူခဲ့ပါသေးတယ်။ သူ ခိုးယူလိုက်တဲ့ ဖေ့စ်ဘွ တ်အကောင့်တိုင်းမှာလည်း 9 MC ဆိုတဲ့ ပုံစံတွေ ဖြစ်သွားတတ်တာကို သတိထားမိကြမှာပါ။

Photo: မြင့်မြတ်ဖေ့စ်ဘွတ်၊ အိချောပိုဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD