AD
AD
AD
play

 

အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ သဉ္ဇာနွယ်ဝင်းဟာ အခုလက်ရှိအချိန်မှာတော့ သူမရူးသွပ်ခဲ့ရတဲ့ အနုပညာအလုပ်တွေကို အရမ်းသတိရနေပါတယ်တဲ့။တစ်ခါတလေဆိုရင် အိမ်မက်ထဲမှာတောင် ဇာတ်ကားတွေ ပြန်ရိုက်နေပြီဆိုပြီး အိမ်မက်တွေတောင် မက်နေမိတယ်လို့ ဆိုပါတယ်။

play

 

"အိမ်မက်တောင်မက်တယ်။ အိမ်မက်ထဲမှာ ဇာတ်ကားတွေ ပြန်ရိုက်နေရတယ်။ နောက်ထပ်ဘယ်နှစ်ကားပဲ ရိုက်ရတော့မယ့် ရှုတင်သွားရတော့မယ် ဆိုတော့ အရမ်းကို ပျော်နေတာ။ အဲ့လိုမျိုးလေးတွေမက်တယ်။သဉ္ဇာက အနုပညာကို အရမ်းရူးသွပ်တယ်။ အနုပညာအလုပ်လုပ်နေရတာကို ပျော်တာ။ မရိုက်ရသေးပဲ ရှုတင်ပေါ် ရောက်နေရင်ကို ပျော်နေတတ်သူ ဖြစ်နေတာဆိုတော့ အခုချိန်မှာ အရမ်းကို သတိရပါတယ်။ သဉ္ဇာနားလိုက်တဲ့အချိန်က ဇာတ်ကားတွေ တော်တော်ရိုက်နေရတဲ့ အချိန်ကို နားလိုက်သလို ဖြစ်သွားတယ်။ (၇)နှစ်တာ ကြာလအတွင်းမှာ စိတ်ညစ်စရာတွေ ငိုခဲ့ရတယ့် အချိန်တွေ အခက်အခဲတွေ ကြားထဲက ကြိုးစားလာခဲ့ရင်း အခုလိုနားလိုက်တဲ့အချိန်မှာ နားလိုက်ရတော့ ဝမ်းနည်းရတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သဉ္ဇာအနုပညာအလုပ်တွေ စလုပ်ကတည်းကအဖေက ပြောခဲ့တယ်။ အိမ်ထောင်ပြုရင်တော့ အနုပညာအလုပ်တွေ နားရမယ်ဆိုတာကို ။ အိမ်ထောင်တာဝန်ကိုကျေပွန်စေချင်တာကြောင့် ပြောခဲ့တော့ ကြိုပြင်ဆင်ထားခဲ့တာတော ရှိပါတယ်။ "လို့ သူမက Duwun Media ကိုဖြေဆိုပေးခဲ့ပါတယ်။

play

 

ယခုလက်ရှိ သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေး ပြန်လွှင်တဲ့အခါကျရင် သေချာပြန်ကြည့်ဖြစ်သလို အမှတ်ရစာလေးတွေကိုလည်း ပြန်သတိရမိတယ်လို့ဆိုပါတယ်။

"အိမ်ထောင်ကျပြီးနောက်ပိုင်း သဉ္ဇာကားလေးတွေ လာရင် ပြန်ကြည့်ဖြစ်တယ်။ အဲ့တုန်းက ကိုယ်ဘယ်လိုသရုပ်ဆောင်ခဲ့တာဘာလားဆိုပြီး အမှတ်တရလေးတွေ ဖြစ်တယ်။ VCD ကအစပြန်ကြည့်ဖြစ်ပါတယ်။ အခုချိန်ထိ အမှတ်တရဖြစ်နေတဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ ကိုရဲတိုက်နဲ့ ရိုက်တဲ့ အချစ်စိမ်းစိမ်းဆိုတဲ့ ကားလေးကလည်း သဉ္ဇာအတွက် အမှတ်တရဖြစ်တယ်။ အရမ်းကြိုးစားခဲ့ရတဲ့ ကားလေးလည်း ဖြစ်တယ်။ ပြီးတော့ အဲ့ကားရိုက်တုန်းကဘယ်လိုငိုရမှန်းကို မသိခဲ့တာ။ ပြီးတော့ အနုံဆိုတဲ့ ကားလေးလည်း အမှတ်တရဖြစ်တယ်။ အမှတ်တရကားတွေကလည်း အများကြီးပါ။ ကိုယ်ရိုက်ခဲ့တဲ့ ကားတွေ အကုန်လုံးက အမှတ်တရတွေပါပဲ။ ပြီးတော့ အနုပညာလုပ်ခဲ့တဲ့အချိန်မှာ အကုန်လုံးကို ကြိုးစားအားစိုက်ပြီး လုပ်ခဲ့တာ ဖြစ်တာကြောင့် အခုနားတဲ့အချိန်မှာ နောင်တရမျိုး အားမလိုအားမရဖြစ်တာမျိုးတော့ မရှိပါဘူး။ သတိရတယ်။လွမ်းတာလောက်တော့ ရှိပါတယ်။ အခုလက်ရှိနေရာမှာလည်း သဉ္ဇာပျော်ပါတယ်" လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

play

 

အနုပညာနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို မေလ(၁၃)ရက်နေ့က သမ္မတမှာ ကျင်းပပြုလုပ်တဲ့ ဖိုးရှိတ် အထူးပြပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဖိုးရှိတ်ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်နဲ့အတူ သူမကအဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

play

 

သဉ္ဇာနွယ်ဝင်းဟာ အခုဆိုရင် မက်မွန်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ သားလေးတစ်ယောက်ရယ်၊ ခင်ပွန်းဖြစ်သူရယ်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo : သဉ္ဇာနွယ်ဝင်း FB

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD