AD
AD
AD
play

 

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းက ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့လေးမှာ အမှတ်တရနဲ့ ပျော်ရွှင်စရာလေး ဖြစ်အောင် ပြင်ဆင်ပေးခဲ့တာ တွေ့ရပါ တယ်။ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့ပွဲလေးကို Hopot city Ahlone မှာ ကျင်းပခဲ့တာပါ။ သဉ္ဇာနွယ်ဝင်းရဲ့ ခင်ပွန်းဖြစ်သူ စတီဗင်လှရဲ့ မွေးနေ့က မေလ၁၄ ရက်နေ့က ဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူအတွက် မွေးနေ့ဆုတောင်းလေးကိုလည်း ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"ယောကျာ်းအမြဲတမ်းပျော်ရွှင်ပြီး စိတ်၏ချမ်းသာချင်း ကိုယ်၏ကျမ်းမာချင်းနဲ့ပြည့်စုံပြီး အလုပ်အကိုင်အကြံအစီမှန်သမျှအောင်မြင်ပါစေ သားသားနဲ့မိန်းမကိုလည်းဒီထက်မကပိုချစ်နိုင်ပါစေနော်။ ယောကျာ်းအတွက် အမေများနေ့က မှာထားတဲ့   Unicorn Cupcakeကိတ်ဆိုင်က ကိတ်ကလေးပဲမှာလိုက်တယ် မိန်းမကြိုက်လို့ မွေးနေ့ပွဲကိုတော့ Hotpot City Ahlone မှာပဲလုပ်ဖြစ်တယ် ည၂နာရီမှဆိုင်ပိတ်တော့ ယောကျားအဆင်ပြေအောင်"ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

play

 

ခင်ပွန်းရဲ့ မွေးနေ့ပွဲကို မိသားစုလိုက် အတူတူဖြတ်သန်းခဲ့တဲ့ ပုံ၇ိပ်လေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။ သဉ္ဇာနွယ်ဝင်းက လက်ရှိမှာ ခင်ပွန်းဖြစ်သူဆီက စီးပွားရေးအကြောင်းတွေ လေ့လာနေသလို မိသားစုအတွက် အချိန်ပေးဖြစ်နေပါတယ်။ အနုပညာအလုပ်တွေကို  လုံးဝပြန်မလုပ်ဖြစ်တော့တဲ့ သူမက တစ်ခါတစ်ရံ အနုပညာအလုပ်တွေကို သတိရ လွမ်းဆွတ်မိတာတွေတော့ ရှိပါတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

"အိမ်မက်တောင်မက်တယ်။ အိမ်မက်ထဲမှာ ဇာတ်ကားတွေ ပြန်ရိုက်နေရတယ်။ နောက်ထပ်ဘယ်နှစ်ကားပဲ ရိုက်ရတော့မယ့် ရှုတင်သွားရတော့မယ် ဆိုတော့ အရမ်းကို ပျော်နေတာ။ အဲ့လိုမျိုးလေးတွေမက်တယ်။သဉ္ဇာက အနုပညာကို အရမ်းရူးသွပ်တယ်။ အနုပညာအလုပ်လုပ်နေရတာကို ပျော်တာ။ မရိုက်ရသေးပဲ ရှုတင်ပေါ် ရောက်နေရင်ကို ပျော်နေတတ်သူ ဖြစ်နေတာဆိုတော့ အခုချိန်မှာ အရမ်းကို သတိရပါတယ်။ သဉ္ဇာနားလိုက်တဲ့အချိန်က ဇာတ်ကားတွေ တော်တော်ရိုက်နေရတဲ့ အချိန်ကို နားလိုက်သလို ဖြစ်သွားတယ်။ (၇)နှစ်တာ ကြာလအတွင်းမှာ စိတ်ညစ်စရာတွေ ငိုခဲ့ရတယ့် အချိန်တွေ အခက်အခဲတွေ ကြားထဲက ကြိုးစားလာခဲ့ရင်း အခုလိုနားလိုက်တဲ့အချိန်မှာ နားလိုက်ရတော့ ဝမ်းနည်းရတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သဉ္ဇာအနုပညာအလုပ်တွေ စလုပ်ကတည်းကအဖေက ပြောခဲ့တယ်။ အိမ်ထောင်ပြုရင်တော့ အနုပညာအလုပ်တွေ နားရမယ်ဆိုတာကို ။ အိမ်ထောင်တာဝန်ကိုကျေပွန်စေချင်တာကြောင့် ပြောခဲ့တော့ ကြိုပြင်ဆင်ထားခဲ့တာတော ရှိပါတယ်။ "လို့ သူမက Duwun Media ကိုဖြေဆိုပေးခဲ့ပါတယ်။

play

 

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ မက်မွန်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ သားလေးတစ်ယောက်ရယ်၊ ခင်ပွန်းဖြစ်သူရယ်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

 

photo:သဉ္ဇာနွယ်ဝင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD