AD
AD
AD
play

 

ဒီနေ့(မေလ၁၆ရက်)က အဆိုတော် ပိုပိုရဲ့ မွေးနေ့လေး ဖြစ်ပါတယ်။ အသက်(၂၈)နှစ်ပြည့် မွေးနေ့မှာ သူမက ပရိသတ်တွေနဲ့အတူ မွေးနေ့အလှူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ မွေးနေ့ကို အဖွားဖြစ်သူရဲ့ ရွာလေးမှာ သွားရောက်ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီရွာလေးမှာ ရှိတဲ့ သံဃာတော်တွေအတွက် လိုအပ်သည့် သင်္ကန်းပရိက္ခရာတို့ကိုလှူဒါန်းခဲ့ပြီး ဝတ္ထုငွေများနဲ့ အာရုံဆွမ်း၊ နေ့ဆွမ်းတို့ကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူ ဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

သူမရဲ့ မွေးနေ့ဖြတ်သန်းပုံ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ တင်ထားတာ တွေ့ရပါတယ်။ ပရိသတ်တွေနဲ့အတူ မွေးနေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

ပိုပိုဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူလည်း ဖြစ်ပါတယ်။ နေ့စဉ်သံဃာတော်များအတွက် ဆွမ်းဆပ်ကပ်လှူဒါန်း သလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြုလုပ်တက်သူတစ်ဦးလည်း ဖြစ်ပါတယ်။

play

 

သူမပြုလုပ်တဲ့ ကုသိုလ်တိုင်းကိုလည်း သူမရဲ့ ပရိသတ်တွေ (၇)ရက်သားသမီးတွေ ကုသိုလ်ရအောင် အမြဲတမ်း အမျှအတမ်း ပေးဝေပြီး လှူဒါန်းတက်သူဆိုလည်း မမှားပါဘူး။

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

play

 

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီးဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

 

Photo : ပိုပို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD