AD
AD
AD
play

 

၂၀၁၈ခုနှစ် သီတင်းကျွတ်မှာ မင်္ဂလာပွဲ ကျင်းပတော့မယ်လို့ ပရိသတ်တွေကိုအသိပေးခဲ့တဲ့ နဒီဝင့်နိုင်ဟာ အခုတော့ လက်ထပ်ဖို့ စီစဉ်ပြီးမှ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့သိရပါတယ်။လက်ထပ်ဖို့ ကြေညာပြီးကာမှ နှစ်ယောက်သား ညှိလို့မရတဲ့ပြဿနာတွေကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာလို့ သူမက Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

"လက်ရှိ ညီမရဲ့ အချစ်ရေးကတော့ တစ်ယောက်တည်း ဖြစ်သွားပါပြီ။ မင်္ဂလာဆောင်မယ်ဆိုပြီး အတိအလင်းကြေညာပြီးမှ ဒီလိုမျိုး ဖြစ်တော့ ကံပေါ့နော်။ ချစ်သူသက်တမ်း မကြာသေးပေမယ့် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပြီးတော့မှ နောက်ဆက်တွဲအဆင်မပြေမှုတွေနဲ့ ညှိလို့မရတော့ လမ်းခွဲလိုက်တာပါ။ အားလုံးသိတဲ့အတိုင်းပဲ နဒီဝင့်နိုင် အိမ်ထောင်ပြုတော့မယ်ဆိုပြီး ညီမကတော့ နာမည်ထွက်သွား တာပေါ့။ သူ့ကိုတော့ ဘယ်သူမှ မသိကြပါဘူး။ အချိန်မှာ တစ်ယောက်တည်း ပြန်ဖြစ်သွားတဲ့အတွက် စိတ်ချမ်းသာပါတယ်။ မကောင်းပဲနဲ့ ဆက်ပေါင်းနေမယ်ဆိုရင် ကိုယ်တစ်ဘဝလုံး ခံရမှာပေါ့နော်။ မသေချာပဲ ဆုံးဖြတ်လိုက်တာကတော့ ကိုယ့်ကို ကိုယ်မှားတယ်လို့ ခံယူမိတယ်။ဘယ်သူ့ကိုမှလည်း မပြစ်မတင်ချင်ပါဘူး။ နောက်တစ်ခါ မသေချာပဲနဲ့ ဒီလိုမပြောသင့်ဘူးဆိုတာတော့ သိသွားတယ်။ သင်ခန်းစာရသွားတယ်"လို့ သူမရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

play

 

အခုလို အိမ်ထောင်ပြုတော့မယ်လို့ ကြေညာပြီးမှ ပြတ်သွားတာနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်တာတော့ မရှိပေမယ့် သင်ခန်းစာရသွားတာ မျိုးတော့ ရှိတယ်လို့ ဆိုပါတယ်။အိမ်ထောင်ရေးနဲ့ ပတ်သက်လာရင်ဖြစ်တတ်တဲ့ သူမရဲ့ ကံတရားကိုလည်း ယခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

"သမီး ချစ်သူထားလိုက်တယ်။ ဒီတစ်ယောက်ကိုပဲ ယူမယ်လို့ စိတ်ဆုံးဖြတ်လိုက်ရင် အကြောင်းအမျိုးမျိုးကြောင့် ပြတ်သွားခဲ့တာ တွေ ရှိတယ်။ ဘာပြဿနာမှာလည်း မဖြစ်ပဲနဲ့ ကွဲသွားခဲ့တာမျိုးပေါ့။ ဆိုတော့ ဒါကိုယ့်ရဲ့ ကံလားပေါ့။ ကိုယ်ပဲ အိမ်ထောင်ပြုလို့ မရဘူး လားဆိုတဲ့ အတွေးဝင်လာတယ်။ ဒီတစ်ယောက်ကို အိမ်ထောင်ပြုဖို့အတွက် စဉ်းစားလိုက်တော့မယ်ဆိုတဲ့ အတွေးမျိုးကို မတွေးရဲ ဘူးဖြစ်နေတယ်။ ပြတ်မှာကြောက်နေတာ။ နှလုံးသားမှာ ကျွန်းခံနေတာလားပေါ့။ "လို့ သူမက ဆိုပါတယ်။

play

 

အရင်ကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အိမ်ထောင်ရေးခိုင်မြဲအောင် အနုပညာအလုပ်ကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း အခုအခါ တစ်ယောက်တည်း ဖြစ်သွားပြီဖြစ်တာကြောင့် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမှာပါလို့ ဆိုပါတယ်။ အနုပညာအလုပ် တွေ ပြန်လုပ်တော့မယ့် သူမကိုလည်း ပရိသတ်တွေ ပြန်ပြီး အားပေးဖို့ကိုလည်း အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD