Local Celebrity: နာမည်ကြီး ယောကျာ်လေး အဆိုတော်လေးဦးရဲ့ "4" စီးရီခွေ

စက်တင်ဘာ(၁၈)ရက်နေ့ ဘိုဘိုမြူးဇစ်ကနေ ဖြန့်ချိမှာ ဖြစ်ပါတယ်။

play

 

နာမည်ကြီး ယောကျာ်းလေးအဆိုတော် လေးဦးဖြစ်တဲ့ ရွှေထူး၊ X-Box၊ ထက်ယံနဲ့ Lil'zတို့ရဲ့ "4" Four MTV ကို စက်တင်ဘာလ(၁၈)ရက်နေ့မှာ ဘိုဘိုမြူးဇစ်ကနေ ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ မြူးဇစ်ပုံစံမျိုးစုံပါဝင်တဲ့ အဲ့ဒီသီချင်းခွေထဲမှာ သီချင်း (၁၂)ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။ ထူးထူးခြားခြား ရိုက်ကူးမှုတွေနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားထားတယ်လို့ သိရပါတယ်။

play

 

"၄"Four အခွေကို ဒါရိုက်တာ ဂရင်းဘောက်၊ ချမ်းငြိမ်းစိုး၊သီဟဒိုင်းနို ၊ထက် ဦးစံတို့က ပုံဖော်ပေးထားတယ်လို့ သိရပါတယ်။ ''4'' Four သီချင်းခွေ ပရိုမိုရှင်းပွဲကို စက်တင်ဘာ ၁၈ ရက်၊ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ၊လှည်းတန်း စင်တာမှာ ပရိသတ်များနဲ့တွေ့ဆုံကာ လက်မှတ်ရေးထိုးပေးသွားမှာ ဖြစ်ပါတယ်။

Photo : ရွှေထူး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ