Local Celebrity: ဒီဂျေ (၁၈)ယောက်ရဲ့ လက်စွမ်းတွေနဲ့ 808 Festival Yangon 2016 ဖျော်ဖြေပွဲ

ဒီဇင်ဘာ (၁၀)ရက်နေ့ (၁၁)ရက်နေ့တို့မှာ ကျင်းပမှာပါ။

play

 

ကမ္ဘာ့အကောင်းဆုံး ဒီဂျေအဖြစ် နှစ်နှစ်ဆက်တိုက်ရရှိထားတဲ့ Hardwell နဲ့ ဒီဂျေ ၁၈ယောက် ကိုယ်တိုင်လာ ရောက် ဖျော်ဖြေမယ့် 808 Festival Yangon 2016 ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်တော့မှာပါ။ အဲ့ဒီဖျော်ဖြေပွဲကို ဒီဇင်ဘာ(၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ The One Entertainment Park မှာ ကျင်းပမှာပါ။

play

 

“အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဂီတပွဲတော်ကြီးတစ်ခုဖြစ်တဲ့ 808 Festival ကြီးသည်မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ်ရောက်ရှိလာတာ ဖြစ်ပါ တယ်။မြန်မာပြည်က လူငယ်တွေအနေနဲ့ ပြည်ပကိုသွားရောက် ကြည့်ရှုစရာ မလိုပဲ ဈေးနှုန်းချိုသားစွာ ကြည့်ရှုနိုင်ဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်”လို့ အဲ့ဒီပွဲရဲ့  တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

play

 

အဆိုပါ ဖျော်ဖြေပွဲကို ထိုင်းနိုင်ငံတွင် ၂၀၁၃၊၂၀၁၄၊၂၀၁၅ ခုနှစ် သုံးနှစ်ဆက် တိုက် အောင်မြင်စွာ ကျင်းပလာ ခဲ့တဲ့ ဂီတပွဲတော်ကြီးဖြစ်ပြီး ပွဲလက်မှတ် များကို VVIP ၊ Premiumနှင့် General သုံးမျိုးရှိရာ မ၀ယ်ရ သေးသူတွေ အ တွက် တစ်ခုဝယ်၊ တစ်ခုရစီစဉ်ထားပြီး၊ လက်မှတ်ဝယ်ပြီး သူ တွေထပ်ဝယ်ယူ ပါက ၅၀ရာခိုင်နှုန်းလျှော့ဈေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : 808 Festival Yangon ဖေ့စ်ဘွတ်

ဒီဂျေပွဲတွေ ပြုလုပ်တာ ဘယ်လိုသဘောရပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ