Local Celebrity: 808 ပွဲမှာ ရန်ဖြစ်တာကို ဒီဂျေ Hardwell ဝင်ရောက်ဟန့်တားခဲ့

ပရိသတ်အများအပြား သွားရောက် အားပေးခဲ့တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

play

 

808 Festival ပွဲတော်ကို ဒီဇင်ဘာ(၁၀)ရက်နေ့နဲ့ (၁၁)ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ The One Entertainment Park မှာ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီ ဖျော်ဖြေပွဲမှာ ကမ္ဘာ့အကောင်းဆုံး ဒီဂျေအဖြစ် နှစ်နှစ်ဆက်တိုက်ရရှိထားတဲ့  Hardwell နဲ့ ဒီဂျေ ၁၈ယောက်ကိုယ်တိုင် လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။

ပရိသတ်တွေ အများအပြား လာရောက်အားပေးခဲ့တဲ့ အဲ့ဒီဖျော်ဖြေပွဲမှာ ရန်ဖြစ်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ လူငယ်အချင်းချင်းပျော်ကြရာမှ အခန့်မသင့် ရန်ဖြစ်နေတာကို ဒီဂျေ Hardwell ကိုယ်တိုင်က ဝင်ရောက်ဟန့် တားခဲ့တယ် လို့ သိရပါတယ်။

"ဒီဖျော်ဖြေပွဲမှာ ရန်ဖြစ်တာတွေကို မလိုချင်ပါဘူး။ ရန်ဖြစ်ချင်တဲ့ သူတွေအားလုံး အပြင်ကို ထွက်ပေးကြပါ။ ငါတို့အားလုံး ရန်မဖြစ်ကြပဲနဲ့ ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းကြမယ်" လို့ ဒီဂျေ Hardwell က ဆိုပါတယ်။

play

 

ဒီဂျေ Hardwell စကားအဆုံးမှာ အားလုံးက လက်ခံအားပေးခဲ့ကြပြီး ဖျော်ဖြေပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ အဆုံးသတ် နိုင်ခဲ့ပါတယ်။ ဒီဂျေ Hardwellက ၂၀၁၃နဲ့ ၂၀၁၄ ခုနှစ်များမှာ ကမ္ဘာ့နံပါတ်(၁) ဒီဂျေသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ တတိယနေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။

Photo : 7day Daily

808 ပွဲမှာ ရန်ဖြစ်တာကို ဒီဂျေ Hardwell ဝင်ရောက်ဟန့်တားခဲ့
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ