Local Celebrity: Accident ဖြစ်ပြီး ပြိုင်ပွဲမပြိုင်နိုင်တော့တဲ့ အလှမယ် နန်းသီရိဝင်း

Miss Mandalay Region 2016 မနန်းသီရိဝင်းတစ်ယောက် ပြိုင်ပွဲလာရမယ့်နေ့တွင် Accident တစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

play

 

Miss Golden Land Myanmar  2016 ရွေးချယ်ပွဲကို မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် Miss Mandalay Region 2016 နန်းသီရိဝင်းသည် ဇူလိုင်(၁၉) ရက်နေ့ ညနေ ရန်ကုန်သို့ ပြိုင်ပွဲဝင်ရန် ပြင်ဆင်နေတဲ့ အချိန်တွင် အက်စီးဒင့် တစ်ခုဖြစ်ပွားခဲ့တာကြောင့် ပြိုင်ပွဲမဝင်နိုင်တော့ဘူးလို့ သိရပါတယ်။

play

 

ညာဘက်ခြေထောက် ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် တစ်လကြာ အနားယူရမှာ ဖြစ်တယ်လို့ Miss Golden Land Myanmar Organization မှ သိရပါတယ်။

သူမအနေနဲ့ Miss Golden Land Myanmar 2016 တွင် ပြိုင်ပွဲဝင်ခွင့်မရတော့ပေမယ့်လည်း Miss Mandalay Region (MGLM Regional Queen) အဖြစ် Organization မှ ဆက်လက် အသိအမှတ်ပြုသွားမှာ ဖြစ်သလို  သူမအနေနဲ့လည်း လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများကို Organization နဲ့အတူ အလှမယ် တာဝန် ဆက်ခံတဲ့ ကာလ ပြီးဆုံးချိန်တိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။

Sourcec : Miss Golden Land Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ