Local Celebrity: ပြည်ပသို့သွားရောက် ရိုက်ကူးမယ့် Amazing City Program

အစီအစဉ် တင်ဆက်သူ အဖြစ်မိုးစက်ဝိုင်က ပါဝင်မှာ ဖြစ်ပါတယ်။

play

 

Amazing City ရုပ်သံ အစီအစဉ်အတွက် ပထမဆုံးအနေနဲ့ အရှေ့တောင်အရှ နိုင်ငံတစ်နိုင်ငံသို့ သွားရောက် ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအစီစဉ်ကို ၂၀၁၆ခုနှစ်အတွင်းမှာ သွားရောက် ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ Myanmar Media 7မှ  ကိုဝေမင်းမောင်က ပြောပါတယ်။

play

 

"ကျွန်တော်တို့က မြန်မာနိုင်ငံမှာ ရိုက်ကူးတာက နေရာတွေ တော်တော်များများ ကုန်သွားပြီ မရှိတော့ဘူး၊ အဲဒါကြောင့် ပြည်ပမှာ သွားရောက်ရိုက်ကူးဖို့ စီစဉ်နေတာပါ။ ကျွန်တော်တို့ အရှေ့တောင်အာရှအတွင်းမှာဘဲ ရိုက်ကူးဖြစ်မှာပါ"လို့ ဆိုပါတယ်။

ပြည်ပတွင် သွားရောက်ရိုက်ကူးမည့် အစီအစဉ်အား ရုပ်သံလိုင်းများမှာ ပြသရန် မသတ်ရသေးဘူးလို့ သိရပါတယ်။ ပြည်ပခရီးအတွက်ကိုလည်း အစီအစဉ်တင်ဆက်သူအဖြစ် မိုးစက်ဝိုင်ကပဲ ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ