Local Celebrity: Asian Tourism 2016 ပွဲသို့ တက်ရောက်ရမယ့် နန်းဆုရတီစိုး

, updated

မလေးရှားအစိုးရရဲ့ ဖိတ်ကြားခြင်း ခံရတယ်လို့ သိရပါတယ်။

play

 

မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Asian Tourism 2016 ပွဲသို့ နန်းဆုရတီးစိုးက တက်ရောက်ရမယ်လို့ သိရပါတယ်။ မလေးရှားအစိုးရရဲ့ ဖိတ်ကြားချက်အရ အောက်တိုဘာ(၅)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ (၈)ရက်တိုင် ကျင်းပပြုလုပ်မယ့် Asian Tourism 2016  ပွဲကို နန်းဆုရတီစိုးနဲ့ ပိုင်တံခွန်တို့က တက်ရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

လက်ရှိမှာလည်း  နန်းဆုရတီစိုးက တစ်ကိုယ်တော် မီနီအယ်လ်ဘမ်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအခွေမှာ သီချင်း ခုနစ်ပုဒ်ပါဝင်မှာ ဖြစ်ပြီး MTV ပါ တစ်ခါတည်းရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

မကြာခင်ရက်ပိုင်းက ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးကတော့ အမှတ်တရများစွာနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပွဲလေး ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Source : 8days Jouranl

Photo  : နန်းဆုရတီစိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ