သရုပ်ဆောင် အေးဝတ်ရည်သောင်းကို ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် လာရောက်ကမ်းလှမ်းတယ်လို့ သိရပါတယ်။ အရင်ဆုံး သူမရိုက်ရမယ့် ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဝတ္ထုဖတ်ကြည့်တဲ့အခါမှာ အခုလက်ရှိသူမရဲ့ ပုံစံနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့် အေးဝတ်ရည်သောင်း ဝေခွဲမရတွေ ဖြစ်လို့နေတာပါ။

play

 

သူမရိုက်ရမယ့် ကာရိုက်တာကတော့ အခုလက်ရှိ ပရိသတ်တွေမြင်နေကြ မြန်မာဝတ်စုံလေးနဲ့ ကောင်မလေးတစ်ယောက်ပုံစံမဟုတ်ပဲ လုံးဝဟော့ရှော့မလေးတစ်ယောက်လို သရုပ်ဆောင်ရမှာ ဖြစ်တယ်တဲ့။

အဲ့ဒါကြောင့် သူမရဲ့ စိတ်ထဲမှာ အဲ့ဇာတ်ကို လက်ခံရမလား လက်မခံရဘူးလားဆိုပြီး ဒွိဟတွေဖြစ်နေတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းက ပြောထားပါတယ်။

play

 

"လက်ထဲကို ဝတ္ထုတစ်အုပ်ရောက်လာတယ်။ ရုပ်ရှင်ရိုက်ဖို့တဲ့။ကိုယ်လုပ်ရမယ့် ဇာတ်ကောင်က အခုလက်ရှိကိုယ်ရဲ့ပုံစံနဲ့ ဆန့်ကျင်ဘက်။

ဟော့ရှော့မမပေါ့နော်

အင်း စိတ်ထဲမှာကတော့ ဒွိဟတွေနဲ့ သရုပ်ဆောင်ဆိုတော့ ဆေးစက်ကျရာအရုပ်ထင်အောင်ကြိုးစားရမှာပဲလေ လို့စဉ်းစားမိတယ်။ ရတဲ့အခွင့်အရေးလေးကို အမိအရလေးကြိုးစားပြချင်တာ။ ဇာတ်လမ်းလေးကလည်းသိပ်ကောင်းတာလေ။

အမျိုးသမီးတွေရဲ့ဘဝအကြောင်းလေး။ အမျိးသမီးတွေ ရုန်းကန်ကြိုးစားပြီး အရှုံးမပေးတတ်တာ။ဇွဲရှိတာလေးတွေလည်းပါတယ်။ စိတ်ကိုခွန် အားဖြစ်စေမဲ့ ဇာတ်လေးပေါ့။

တစ်ဖက်ကလည်း ငါဒီလိုတွေဝတ်ရင် မထော်တနန်းတွေများဖြစ်နေမလား။ ကိုယ့်ကိုမြန်မာဝတ်စုံနဲ့ပဲ ကြည့်ချင်ကြတဲ့သူတွေကိုများ မျက်နှာပူ စရာဖြစ်မလားလို့ပေါ့။

စဉ်းစားရင်း တွေးရင်း.....

အဲ့ဇာတ်လေးရိုက်ဖြစ်ရင်တော့ ကိုယ်အသိပေးပါ့မယ်နော်။

ကိုယ်ဘာစတေးရမလဲ?????" ဆိုပြီး သူမဝေခွဲမရ ဖြစ်နေပါတယ်။

play

 

ပရိသတ်တွေကတော့ ကာရိုက်တာအရ ဇာတ်လမ်းသဘောအရ သရုပ်ဆောင်တာဖြစ်လို့ သူတို့ဘက်က နားလည်ကြောင်း အဲ့ဒီကာရိုက်တာ ကိုလည်း အကောင်းဆုံးလုပ်ဖို့အတွက် အားပေးစကားတွေ ပြောထားကြပါတယ်။

အနုပညာလောကထဲကို တစ်ကျော့ပြန် ရောက်ရှိလာတဲ့ အေးဝတ်ရည်သောင်းကတော့ မြန်မာဝတ်စုံလေးတွေကြောင့် ပရိသတ်တွေရဲ့ သတိထားခြင်း ခံရသူ တစ်ဦးလည်းဖြစ်ပါတယ်။

play

 

အခုနောက်ပိုင်းမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေသလို သူမပါဝင်ထားတဲ့ မင်္ဂလာရှိသောအရပ်  ဇာတ်လမ်းတွဲဟာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။

Photo : အေးဝတ်ရည်သောင်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video