Local Celebrity: ဝန်ထမ်းတွေကို bella နှုတ်ခမ်းနီလေးတွေ လက်ဆောင်ပေးခဲ့တဲ့ ခိုင်သင်းကြည်

ခိုင်သင်းကြည်တို့ရဲ့ မိသားစုပိုင် KTK အထည်ချုပ်စက်ရုံက ဝန်ထမ်းတွေကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Bella ကနေ ခိုင်သင်းကြည်အတွက် လက်ဆောင်ပေးထားတဲ့ နှုတ်ခမ်းနီ အချောင်း (၂၀၀)ကျော်ကို ဝန်ထမ်းလေးတွေအတွက် ပ်ြပြီး လက်ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"ဒီနေ့ တော့" Bella "ရဲ့ အလှူလေးပါဘဲ

မခိုင်ရဲ့ KTK garment စက်ရုံက ကလေးတွေကို bellaက လက်ဆောင်ပေးထားတဲ့ နှုတ်ခမ်းနီ အချောင်း၂၀၀ကျော်ပြန်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။thank u bella  Bella" ဆိုပြီး ပြောထားတာပါ။

ဝန်ထမ်းလေးကို လက်ဆောင်ပေးပြီး ဝန်ထမ်းတွေနဲ့အတူ ဓာတ်ပုံရိုက်ခဲ့သေးပါတယ်။ သူမရဲ့ ပုံလေးတွေကိုလည်း ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

play

 

ခိုင်သင်းကြည်ကတော့ လက်ရှိမှာ Bella ကြော်ငြာ်လေးတွေ ရိုက်ကူးနေတာလည်း တွေ့ရပါတယ်။ မကြာသေးခင်ကပဲ သူမပါဝင်ထားတဲ့ "ဂယက်တွေပါဟယ်" ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးသွားပြီလို့ သိရပါတယ်။

ခိုင်သင်းကြည်ဟာ အနုပညာလောကထဲတွင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါသည်။

play

 

ကျရာဇာတ်ရုပ်များကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်တဲ့ သူမဟာ ၂၀၁၃ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ကို  "စုန်းပြူး" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်အတွက်ကိုတော့ "ကောင်းကျိုးကိုယ်၌တည်စေမင်း" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

Postby

 

Photo : ခိုင်သင်းကြည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ