ဝိုင်းစုရဲ့ Birthday Show ပွဲကြီးကတော့ တဖြေးဖြေးနဲ့ နီးကပ်လို့လာပါပြီ။ သူမရဲ့ Birthday Show ပွဲအတွက် လက်မှတ်ဈေးနှုန်းတွေလည်း ထွက်ရှိလာပြီနော်။

Birthday Show ကိုတော့ ဒီဇင်ဘာ(၂၄) ရက်နေ့ ဝိုင်းစုရဲ့ မွေးနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ Wyne Su Khine Thein Birthday Show ကို ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပမှာပါ။

play

 

ဝိုင်းစုက Birthday Show မှာတော့ သူမရဲ့ အချစ်ဆုံး ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်အောင် အများကြီး ပြင်ဆင်ထားတယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ပြောပြထားပါသေးတယ်။

ပွဲအတွက် လက်မှတ်ဈေးနှုန်းတွေကိုတော့ GA (Stand) ကို တစ်သောင်းကျပ်၊ Green VIP ကို သုံးသောင်းကျပ်၊ Blue VIP ကို ငါးသောင်းကျပ်၊ Pink VIP ကို ခုနှစ်သောင်းကျပ်နဲ့ VVIP ကိုတော့ တစ်သိန်း ကျပ်ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

play

 

လက်မှတ်ဝယ်လို့ ရမယ့် နေရာတွေနဲ့ စတင်ရောင်းချမယ့် ရက်တွေကိုတော့ မကြာခင် ရက်ပိုင်းအတွင်း ကြေညာသွားမယ်လို့လည်း ဝိုင်းစုက ပြောပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်းပိုင်းလောက်က ထွက်ရှိထားတဲ့ သူမရဲ့ "ဂါ" တေးစီးရီးရဲ့ DVD ကိုလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲ မတိုင်ခင်မှာဖြန့်ချိမှာ ဖြစ်ပါတယ်။

play

 

သူမရဲ့ အခွေကို ဒီဇင်ဘာ(၁၆)ရက်နေ့ ထွက်ရှိမှာ ဖြစ်ပြီးတော့ ပရိုမိုးရှင်းပွဲကိုတော့ လှည်းတန်းစင်တာမှာ ညနေ(၃)နာရီကနေ (၆) အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။အခွေပရိုမိုးရှင်းပွဲကို ရန်ကုန်မြို့မှာသာမက မန္တလေးမှာ

လည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ မန္တလေးမှာတော့ ဒီဇင်ဘာ(၁၇)ရက်နေ့ မင်္ဂလာမန္တလေးမှာ ညနေ(၄)နာရီကနေ (၆)နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo : ဝိုင်းစု FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video