ဝိုင်းစုခိုင်သိန်းရဲ့ Birthday Show ပွဲကြီးကတော့ ဒီဇင်ဘာလ(၂၄) ရက်နေ့ သူမရဲ့ မွေးနေ့တွင် ကျင်းပမှာ ဖြစ်ပါတယ်။ ဝိုင်းစုကတော့ အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ ပရိသတ်တွေကို စောင့်မျှော်နေပါတယ်တဲ့။

Birthday Show အတွက် သီချင်းတွေလည်း တိုက်လို့ ပြီးသွားပြီလို့ သိရပါတယ်။ ဒီနေ့(ဒီဇင်ဘာ၂၀ရက်)ဟာ သီချင်းတိုက်တာ နောက်ဆုံးနေ့လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားပါတယ်။

play

 

 Wyne Su Khine Thein Birthday Show ကို ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာကျင်းပသွားမှာ ဖြစ်ပြီး ပွဲအတွက် လက်မှတ်ဈေးနှုန်း တွေကိုတော့ GA (Stand) ကို တစ်သောင်းကျပ်၊ Green VIP ကို သုံးသောင်းကျပ်၊ Blue VIP ကို ငါးသောင်းကျပ်၊ Pink VIP ကို ခုနှစ်သောင်းကျပ်နဲ့ VVIP ကိုတော့ တစ်သိန်း ကျပ်ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

play

 

ဝိုင်းစုကတော့ ရှိုးပွဲကို ရန်ကုန်မှာသာမက မန္တလေးမှာပါ ကျင်းပသွားမှာ ဖြစ်ပါတယ်။မန္တလေးမှာတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ(၁၆)ရက်နေ့ Golden City Event Park မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဒီဇင်ဘာ(၁၆) ရက်နေ့ကတည်း သူမရဲ့ ဂါ စီးရီးခွေကို MTV အဖြစ် ထွက်ရှိထားပါသေးတယ်။ ယင်းအခွေဟာ Audio အခွေထွက်ရှိကတည်းက ပရိသတ်အားပေးမှု ရရှိထားတဲ့ အခွေလည်း ဖြစ်ပါတယ်။

Photo : ဝိုင်းစုခိုင်သိန်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video