ပရိသတ်များနဲ့ အချိန်လေးနှစ်ကြာ အဆက်အသွယ်ပြတ်ခဲ့တဲ့ Blue Berry အဖွဲ့ဟာဆိုရင် မကြာခင် ပရိသတ်တွေရဲ့ ရှေ့မှောက်သို့ ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ Blue Berry အဖွဲ့ သည် တစ်ကိုယ်တော် အခွေထွက်ဖို့ ပြင်ဆင်နေသလို ကချင်အဆိုတော်တွေ စုပေါင်းသီဆိုထားတဲ့ အခွေထဲမှာ လည်း ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။
တစ်ကိုယ်တော်အခွေအတွက်လည်း အကောင်းဆုံး ပြင်ဆင်နေပြီး ဗွီဒီဒီ ရိုက်ကူးမှုတွေကိုလည်း ပြုလုပ်လျက်ရှိ တယ်လို့ သိရပါတယ်။