Local Celebrity: အဆိုတော်များစွာပါဝင်မယ့် Bo Bo Entertainment ရဲ့ စီးရီးခွေ

ဘိုဘိုအင်တာတိန့်မန့်ရဲ့ နှစ်ပတ်လည် တေးသီချင်းခွေ ထွက်ရှိမှာ ဖြစ်ပါတယ်။

play

 

နာမည်ကြီး အဆိုတော်များစွာ ပါဝင်မယ့် အဲ့ဒီသီချင်းခွေကို နှစ်ချပ်တွဲခွေ ထွက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ တေးသီချင်းစုစုပေါင်း အပုဒ်(၃၀) ကျော်ပါဝင်မှာ ဖြစ်ပြီး ပါဝင်မယ့် အဆိုရှင်တွေကတော့ ဟဲလေး၊ မိုးမိုး၊ ဝေလ၊ ဝန၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ R- T ၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊ ရွှေထူး၊ X Box၊ ထက်ယံ၊ အိမ့်ချစ်၊ မိစန္ဒီ၊ ထက်ထက်၊ အမွန်း ၊ချာချာ ၊ နန်းသူဇာ၊ ဝိုင်းလေး၊ ဝင့်ယမှုံလှိုင်တို့အပြင် အခြားသော အဆိုတော်ပေါင်းများစွာ ပါဝင်မှာဖြစ်ပါတယ်။

အဲ့ဒီအခွေကို မေလ(၂၅)ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး အခွေထွက်တဲ့နေ့မှာ လှည်းတန်းစင်တာမှာ ပါဝင်တဲ့အနုပညာရှင်တွေက လက်မှတ်ရေးထိုး ပေးသွားကြမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ