Local Celebrity: သီချင်း (၆) ပုဒ်ပဲ ပါတော့မယ့် Bobby Soxer ရဲ့ (21) MTV

ဒီဇင်ဘာလမှာ ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

ဂီတသက်တမ်း (၅)နှစ်ပြည့်အဖြစ် ထွက်ရှိထားတဲ့ Bobby Soxer ရဲ့ 21 ကို လာမယ့် ဒီဇင်ဘာလထဲမှာ MTV အဖြစ် ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။  21 Audio ထဲတွင် သီချင်း ၁၂ပုဒ် ပါဝင်ထားပေမဲ့လည်း MTV  အဖြစ် ထွက်ရှိလာချိန်မှာတော့ သီချင်း (၆)ပုဒ်ကိုသာ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးပြီး ထည့်ထားတယ်လို့ သူမက ဆိုပါတယ်။

play

 

သူမရဲ့ 21 MTV အခွေထွက်ရှိပြီး သွားရင်လည်း ၂၀၁၇ခုနှစ်ထဲမှာ  နောက်ထပ် သီချင်းအသစ်များကို ပရိသတ်တွေ နားဆင်ရအောင် ကြိုးစားနေတယ်လို့ သူမက ပြောပါတယ်။

play

 

မျက်လုံးဒဏ်ရာကြောင့် ရှိုးပွဲများမှာ သိပ်မတွေ့ရပေမဲ့လည်း ပရိသတ်တွေအတွက် သီချင်း အသစ်တွေ နားထောင်နိုင်ဖို့ ကြိုးစားနေသလို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ သူမက ဆိုပါတယ်။

Source : 7day TV

Photo  : Bobby Soxer အင်စတာဂရမ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ