လူငယ်အဆိုတော်နှစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ ချစ်သူနှစ်ဦးပေါင်းပြီး ဖက်ရှင်ဆိုင် တစ်ဆိုင်ဖွင့်မယ်လို့ သိရပါတယ်။ အဲ့ဒီဆိုင်ကိုတော့ High Skool ဖက်ရှင်ဆိုင်လို့ နာမည်ပေးထားပြီး တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိအထက(၄)တာမွေကျောင်းရှေ့မှာ ဖွင့်မယ်လို့ သိရပါတယ်။

ဆိုင်ကိုတော့ နိုဝင်ဘာ(၂၀)နောက်ပိုင်းဖွင့်လှစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

"အဓိကကတော့ ဒီလိုအင်္ကျီ ဆိုင်ဖွင့်ဖြစ်တာကတော့ ကိုယ်ပိုင် Clothing Brand တစ်ခုကို လုပ် ချင်တယ်ပေါ့။ ကျွန်တော်တို့ပရိ သတ်တွေအတွက်ပဲ ရည်ရွယ်ပြီး ထုတ်တာမျိုးမဟုတ်ဘဲ လူတိုင်း နေ့စဉ်နေ့တိုင်း လူငယ်တွေ သူတို့ ရဲ့နေ့စဉ်လှုပ်ရှားမှုမှာ ဝတ်လို့ရ မယ့်၊ ဝတ်လို့ အဆင်ပြေမယ့် အင်္ကျီပုံစံမျိုးပေါ့။ ပွဲသွားရင်ပဲဖြစ် ဖြစ်၊ ဘယ်ပဲသွားသွားပေါ့။ အ ဆင်ပြေအောင် ယောက်ျားလေးနဲ့ မိန်းကလေးအတွက် ရည်ရွယ်ပြီး စီးပွားရေးတစ်ခုလုပ်ဖို့ တိုင်ပင် ဖြစ်ရာကနေ ဒီဆိုင်လေးဖြစ်လာခဲ့ တာပါ’’ လို့ လွှမ်းပိုင်က က ပြောထားပါတယ်။

play

 

ဆိုင်ဖွင့်ဖို့အတွက် တစ်နှစ်ခန့်ကြာအောင် ပြင်ဆင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တဲ့ သူတို့နှစ်ဦးရဲ့ ဆိုင်မှာတော့ လူငယ်တွေ အကြိုက် ဖက်ရှင်ပုံစံများကို ရရှိနိုင်မှာ ဖြစ်ပြီး ဆိုင်ဖွင့်ပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင် Brand တွေကို စတင်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

play

 

ဝယ်ယူတဲ့ ပရိသတ်တွေအတွက်ကိုလည်း အားလုံး ဝယ်နိုင်မယ့် ဈေးနှုန်းအတိုင်းအတာနဲ့ ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source :7day Daily

Photo  : လွှမ်းပိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video