AD
AD
AD
play

 

ဂီတလောကမှာ အောင်မြင်မှုကိုယ်စီ ရရှိထားကြတဲ့ လူငယ်အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့ဟာ ချစ်သူသက်တမ်း(၉)နှစ်ပြည့်လို့သွားပါပြီ။ တစ်ယောက်နဲ့ တစ်ယောက်သဝန်တိုတာမျိုးတွေ မရှိဘဲ နားလည်မှုတွေနဲ့ လက်တွဲလာခဲ့တဲ့ သူတို့နှစ်ဦးစလုံးရဲ့ အချစ်ရေးဟာ အားကျဖို့ကောင်းလှပါတယ်။ ဆယ်ကျော်သက်အရွယ်ထဲက လက်တွဲခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ပရိသတ်အားကျရ တဲ့စုံတွဲတစ်တွဲပါ။

play

 

ချစ်သူသက်တမ်း (၉)နှစ်ပြည့်နေ့လေးမှာလည်း သူတို့နှစ်ယောက်ရဲ့ ဖေ့စ်ဘွတ်လေးတွေမှာ နှစ်ယောက်တွဲ ပုံလေးတွေ တင်ထားကြ ပါတယ်။ လွှမ်းပိုင်ရဲ့ ဖေ့စ်ဘွတ်မှာညဘက် ချစ်သူနဲ့အတူတူ ဘုရားသွားခဲ့ကြောင်း ပုံလေးတင်ပြီး ပြောထားတာ တွေ့ရပါတယ်။

သူတို့နှစ်ယောက်ရဲ့ (၉)နှစ်ပြည့် နှစ်ပတ်လည်လေးကို ပရိသတ်တွေကလည်း ဂုဏ်ပြုထားကြပါသေးတယ်။ (၉)နှစ်ကနေ နောင်နှစ်ပေါင်း များစွာ လက်တွဲနိုင်ပါစေဆိုတဲ့ ဆုတောင်းစကားသံလေးတွေလည်း သူတို့နှစ်ယောက်ရဲ့ ဖေ့စ်ဘွတ်မှာ ဝေဝေဆာဆာပါပဲ။

play

 

သူတို့ချစ်သူနှစ်ဦးပေါင်းဖွင့်ထားတဲ့ ဖက်ရှင်ဆိုင်တစ်ဆိုင်လည်း ရှိပါတယ်။ အဲ့ဒီဖက်ရှင်ဆိုင်ကို High Skool လို့ နာမည်ပေးထားပြီး ၂၀၁၇ခုနှစ် နိုဝင်ဘာလမှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ဂီတကို ဝါသနာပါတာချင်းတူတာတင်မက ဖက်ရှင်ပိုင်းမှာ လည်း အကြိုက်ချင်းတူတယ်လို့ သိရပါတယ်။

play

 

လွှမ်းပိုင်ဟာ ဂီတပိုင်းမှာတင်မက သရုပ်ဆောင်ပိုင်းမှာပါ လူငယ်ပရိသတ်များရဲ့ အားပေးမှုကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ  ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားနေသလို မကြာခင် ရုံတင်ပြသတော့မယ့် "ငါ့ကိုနမ်းတဲ့မုန်တိုင်း" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ လွှမ်းပိုင်က အဲ့အတွက် ရင်ခုန်နေပါတယ်တဲ့။ ဖွေးဖွေး၊ရဲရင့်အောင်တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတာပါ။ သရုပ်ဆောာင်ပိုင်းနဲ့ ပတ်သက်လို့ ယခင်က ဗီဒိယိုဇာတ်ကားတွေ ထွက်ခဲ့ဖူးပေမယ့်လည်း အခုအခါမှာ ရုပ်ရှင်ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်တွေရဲ့ Feedback ဘယ်လိုလာမလဲဆိုတာသိချင်လှပြီလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

play

 

လူငယ်အဆိုတော် ကောင်မလေး Bobby Soxer ဟာလည်း လူငယ်ပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။ ငယ်ရွယ်သွက်လပ်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ အမူအရာလေးတွေကြောင့် ပရိသတ်များရဲ့ အချစ်ကို ခံနေရသူလည်း ဖြစ်ပါတယ်။ အတွဲသီချင်းတွေများစွာမှာ ပါဝင်သီဆိုထားတာတွေအများကြီးရှိခဲ့သလို 21 ဆိုတဲ့ တစ်ကိုယ်တော်အခွေထွက်ရှိထားသူလေးလည်း ဖြစ်ပါတယ်။

 

Photo : လွှမ်းပိုင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD